ကျောက်ဖြူ ရေတပ်ဌာနချုပ်အနီး စစ်ကောင်စီနှင့် AA တိုက်ပွဲဖြစ်

ကျောက်ဖြူ ရေတပ်ဌာနချုပ်အနီး စစ်ကောင်စီနှင့် AA တိုက်ပွဲဖြစ်
သစ်ပုတ်တောင်တိုက်နယ်ရှိ စစ်ကောင်စီ၏ “ဓညဝတီ”ရေတပ်ဌာနချုပ်။ (ဓာတ်ပုံ - Google Earth)
သစ်ပုတ်တောင်တိုက်နယ်ရှိ စစ်ကောင်စီ၏ “ဓညဝတီ”ရေတပ်ဌာနချုပ်။ (ဓာတ်ပုံ - Google Earth)

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်တိုက်နယ်ရှိ “ဓညဝတီ”ရေတပ်ဌာနချုပ်အနီးတွင် ယနေ့နံနက် ၈ နာရီကျော်က စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

DMG က လတ်တလော စုံစမ်းချက်အရ ရေတပ်စခန်းမှထွက်လာသည့် အင်အား ၂၀ ခန့်ပါ စစ်ကားတစ်စီးကို AA က RPG ဖြင့် တိုက်ခိုက်ပြီးနောက် မိနစ်သုံးဆယ်နီးပါးကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အပြန်အလှန် ပစ်ခတ်ခဲ့ကြတာတော့ ဟုတ်တယ်။ စစ်ကားကို AA က RPG နဲ့ပစ်တာလို့ သိရတယ်။ ဘာကြောင့် ဘယ်လိုဖြစ်ပွားခဲ့တယ် ဆိုတာကိုတော့ ရွာထဲမှာ အမျိုးမျိုးပြောနေကြပေမယ့် အခုထိတော့ အသေးစိတ်ကို ကျနော်တို့ အတည်ပြုလို့ မရသေးဘူး” ဟု တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာသားတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် DMG ဆက်လက်စုံစမ်းနေပြီး လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာ အနီးရှိ သစ်ပုတ်တောင်၊ ရှောက်ချောင်း၊ စည်မော်၊ စိုင်ခြုံ စသည့် ကျေးရွာများတွင် စစ်ကောင်စီတပ်သားများက လုံခြုံရေးတင်းကျပ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ဒေသခံနောက်တစ်ဦးပြောပြချက်အရ  ရေတပ်စခန်းသို့ စက်သုံးဆီလာပို့သည့် ဆီဘောက်ဆာကားကို AA က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု သိရသည်။  

ဓညဝတီရေတပ်သည် တရုတ်ရေနက်ဆိပ်ကမ်းစီမံကိန်းရှိရာ မဒေးကျွန်းနှင့် ရေကြောင်းခရီး မိနစ်လေးဆယ်ကြာ အကွာတွင် တည်ရှိသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်နေဆဲဖြစ်ပြီး စစ်ကောင်စီ‌ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ကျောက်ဖြူမြို့အစွန် ရပ်ကွက်များဖြစ်သည့် ငလပွေ့၊ ကညင်တော၊ ပြင်ဖြူမော်၊ တောင်ရင်း ရပ်ကွက်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့် သွားလာလှုပ်ရှားမှုများ ရှိနေကြောင်း သိရသည်။

“စစ်ကောင်စီက မြို့အစွန်ရပ်ကွက်တွေမှာ အရင်ကတည်းက လုံခြုံရေးယူထားတဲ့ စခန်းတွေရှိတယ်။  အဲဒီစခန်းတွေကို လူအင်အားလာဖြည့်တာထင်တယ်။ ပုံမှန် သူတို့သွားလာနေကျ ပုံစံမဟုတ်ဘူး။ သူတို့မျက်နှာမှာ တစ်ခုခုကို စိုးရိမ်နေတဲ့ ပုံပေါက်တယ်” ဟု ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် AA က စခန်းသိမ်းတိုက်ပွဲများ ပြုလုပ်ခြင်းမရှိဘဲ ကပိုင်ချောင်း၊ မြို့ချောင်း၊ ကွမ်းချောင်း၊ ဆင်ပုတ်၊ မင်းပြင်၊ ဇင်ချောင်း၊ စနဲ စသည့် ရဲကင်းစခန်းတို့မှာ နိုဝင်ဘာ ၁၃ ရက်မှစ၍ စခန်းစွန့်ခွာခြင်းနှင့် တပ်ဖွဲ့ဝင်တစ်ချို့မှာ လက်နက်ချအညံ့ခံမှုများ ရှိခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ နိုဝင်ဘာ ၁၃ တွင်စတင်သည့် ရခိုင်တိုက်ပွဲနယ်မြေမှာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ အမ်းနှင့် တောင်ပိုင်းဒေသဖြစ်သော ရမ်းဗြဲ၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့နယ်များထိ တိုက်ပွဲဖြစ်ပွားနေသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...