ရှမ်းမြောက် တိုက်ပွဲများကြောင့် ကလေးငယ်သောင်းချီ ပညာသင်ခွင့် ဆုံးရှုံးနေ

ရှမ်းမြောက် တိုက်ပွဲများကြောင့် ကလေးငယ်သောင်းချီ ပညာသင်ခွင့် ဆုံးရှုံးနေ
ရှမ်းမြောက်ဒေသက စစ်ဘေးရှောင်ကလေးငယ်များ။ ဓာတ်ပုံ - တအာင်းအမျိုးသမီးအဖွဲ့အစည်း
ရှမ်းမြောက်ဒေသက စစ်ဘေးရှောင်ကလေးငယ်များ။ ဓာတ်ပုံ - တအာင်းအမျိုးသမီးအဖွဲ့အစည်း

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲများမှာ နှစ်လနီးပါး ကြာမြင့်လာပြီး ဒေသခံကလေးငယ် ၂၀,၀၀၀ ခန့်မှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြောင်း သိရသည်။

ချင်းရွှေဟော်၊ သန္နီ၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်းနှင့် မူဆယ် စသည့်မြို့နယ်တို့၌ အောက်တိုဘာ ၂၇ ရက်မှစပြီး စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်ကိုးကန့်အဖွဲ့ (MNDAA) ကြား တိုက်ပွဲများပြင်းထန်နေသဖြင့် ဒေသခံ ၆ သောင်းကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။

ယင်းအထဲတွင် အခြေခံပညာသင်ကြားနေသူ ကျောင်းသား/သူဦးရေ ၂ သောင်း ထက်မနည်းပါဝင်ကြောင်း ရှမ်းမြောက် စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

“မြို့သိမ်းတိုက်ပွဲအ‌ခြေအနေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရတဲ့သူတွေထဲမှာ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေက အများဆုံးပါတယ်။ အဲဒီထဲမှာ အခြေခံပညာသင်ကြားနေဆဲ ကျောင်းသား၊ ကျောင်းသူအရွယ်တွေက နှစ်သောင်းဝန်းကျင် ရှိနေတယ်” ဟု ၎င်းကပြောသည်။

ရှမ်းမြောက်ဒေသရှိ အခြေခံပညာ စာသင်ကျောင်းပေါင်း ၃၀၀ ကျော်မှာလည်း နယ်မြေမတည်ငြိမ်မှုကြောင့် ယာယီ ပိတ်ထားရပြီး ကလေးသူငယ်များမှာ ပညာသင်ကြားခွင့်ဆုံရှုံးနေကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။

“အခုမြို့တွေကို သိမ်းထားပေမယ့်လည်း စာသင်ကျောင်းတွေ မဖွင့်နိုင်သေးဘူး။ တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပဲ ဆိုတော့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရမှာ ကြောက်တာကြောင့်လည်း ပါတယ်” ဟု ရှမ်းမြောက် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ကျောင်းသားမိဘများကတော့ စစ်ပွဲအမြန်ပြီးဆုံးပြီး စာသင်ကျောင်းများ ပြန်ဖွင့်ရန် လိုလားနေကြသည်။

“စာသင်ကျောင်းတွေ ပြန်ဖွင့်စေချင်တယ်။ တိုက်ပွဲတွေပြီးသွားရင်ပေါ့။ ကလေးတွေကို ပညာရေးမှာ နောက်မကျစေချင်ဘူး။ အခုဆို ကလေးတွေက စိတ်ဓာတ်ကျတဲ့သူတွေလည်း ကျနေကြတယ်” ဟု နမ့်ခမ်းမြို့က ကျောင်းသားမိခင်တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်(၃)ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေပြီး မြို့ပေါင်း ၈ မြို့နှင့် စစ်ကောင်စီတပ်စခန်း ၃၀၀ ကျော်ကို သိမ်းပိုက်ထားသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...