သထုံမှာ စစ်ကောင်စီတပ် လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ဒေသခံတွေစိုးရိမ်မှုတွေရှိနေ

သထုံမှာ စစ်ကောင်စီတပ် လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ဒေသခံတွေစိုးရိမ်မှုတွေရှိနေ

မွန်ပြည်နယ်၊ သထုံမြို့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေလာရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ် မှုတွေမြင့်တက်နေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေညပိုင်းကစပြီး စစ်ကောင်စီဘက်က သထုံမြို့ပြင်အထွက် ဝါးပါးဆည်နားက အမြှောက်တပ်နဲ့ တပ်ရင်းတွေကနေ လက်နက်ကြီး ၁၀ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေကို ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေဘက် ပစ်ခတ်နေ တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း လူထုတိုက်ပွဲဆင်နွှဲကြောင်း ကြေညာပြီးနောက် နယ် မြေအတွင်းက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်လာနိုင်တာကြောင့် စစ်ရေးတင်းမာမှုတွေရှိလာနိုင်တဲ့အတွက် ဒေသခံတွေစိုးရိမ်မှု မြင့်တက်နေတာပါ။

စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေဟလည်း သက်ဆိုင်ရာရုံးတွေမှာ ညအိပ်တာနဲ့ ဝန်ထမ်းလိုင်းခန်းတွေမှာ နေထိုင်တာမရှိတော့ဘဲ နေရာပြောင်းရွှေ့နေထိုင်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေက သိမ်ဇရပ်နယ်မြေရဲစခန်း၊ ဒူးရင်းဆိပ် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၁၀ ဦးထက် မ နည်း သေဆုံးထားပါတယ်။

July 6, 2026
စစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားသည့် မွန်ပြည်၊ မော်လမြိုင်မြို့တွင် အများပြည်သူအတွက်...
July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...