ပြည်တွင်းရွှေဈေး ကျပ် ၃၈ သိန်းနီးပါးအထိ ဈေးတက်လာ

ပြည်တွင်းရွှေဈေး ကျပ် ၃၈ သိန်းနီးပါးအထိ ဈေးတက်လာ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

ပြည်တွင်းရွှေဈေးနှုန်းဟာ နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့အတူ ဒေါ်လာဈေးနှုန်းဂယက်ကြောင့် မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၈ သိန်း နီးပါးအထိ ဈေးနှုန်းလိုက်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရွှေဈေးနှုန်းဟာ ဒေါ်လာဈေးနှုန်း အနည်းငယ်ပြန်လည်မြင့်တက်လာတာ၊ ဈေးကွက်အတွင်း ရွှေဝယ်ယူမှုများလာတာ၊ နယ်မြေမတည်ငြိမ်မှုပြဿနာတွေကြောင့် ဈေးနှုန်းအတက်ဘက်ကို တရိပ် ရိပ်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းမှာ တစ်ကျပ်သား ကျပ် ၃၄ သိန်းဝန်းကျင်သာရှိတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ နို ဝင်ဘာ ၁၇ ရက်နေ့မှာတော့ ကျပ် ၃၈ သိန်းနီးပါးအထိ ဈေးနှုန်းလိုက်တက်လာခဲ့တာပါ။

ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ ပြည်တွင်းရွှေဈေးနှုန်းဟာ ဒေါ်လာဈေးနှုန်းနဲ့အတူ ရွှေဝယ်ယူမှုများလာတဲ့အတွက် ဝယ်လိုအားဆက်တိုက်မြင့်လာပြီးနောက် ဈေးနှုန်းမြင့်တက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဈေးကွက်အတွင်းမှာလည်း ရွှေဝယ်ယူစုဆောင်းသူတွေ များနေသလို တချို့ရွှေဆိုင်တွေမှာဆိုရင် လက်ကျန်ပစ္စည်း နည်းပါးလာတဲ့အတွက် ကြိုတင်မှာယူမှုတွေအထိ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကတော့ ကောလာဟလတွေ ထုတ်လွင့်ပြီး ရွှေဈေးနှုန်းမြင့်တက်လာအောင်လုပ်သူတွေနဲ့ ရွှေရောင်းချရာမှာ Facebookနဲ့ Viber အသုံးပြုပြီး အရောင်းအဝယ်လုပ်တွေကိုလည်း ထိရောက်စွာအရေးယူသွားမယ်လို့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရွှေလုပ်ငန်းရှင်တွေက ရွှေဈေးနှုန်းဟာ ဒေါ်လာဈေးနှုန်းအပေါ် မူတည်နေတာကြောင့် ဒေါ်လာဈေး နှုန်းမထိန်းနိုင်ရင် ရွှေဈေးနှုန်းလည်း ထပ်မံမြင့်တက်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ NLD အစိုးရလက်ထက်က တစ်ကျပ်သား ကျပ် ၁၃ သိန်းဝန်းကျင်သာ ရှိခဲ့ပြီး စစ်ကောင်စီလက်ထက်မှာတော့ ရွှေဈေး ၃ ဆကျော်မြင့်တက်လာသလို ဈေးနှုန်းမတည်ငြိမ်မှုတွေလည်း မကြာခဏဖြစ်ပေါ်နေပါတယ်။

July 6, 2026
စစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားသည့် မွန်ပြည်၊ မော်လမြိုင်မြို့တွင် အများပြည်သူအတွက်...
July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...