ကျွန်းစုတိုက်ပွဲကြောင့် ဒေသခံထောင်ချီ စစ်ရှောင်နေရ

ကျွန်းစုတိုက်ပွဲကြောင့် ဒေသခံထောင်ချီ စစ်ရှောင်နေရ

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ဒေသ ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီ၊ပျူစောထီးပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးလာတာကြောင့် မင်းဂုတ်ရွာနဲ့မောင်းလှော်ကျေးရွာတွေအနီးမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲကြောင့် မင်းဂုတ်၊ မောင်းလှော်၊ ပြင်ဝန်း၊ ဝါရစ်ကျေးရွာတွေက ဒေသခံ ၁၀၀၀ လောက်ဟာ မြိတ်နဲ့ ကျွန်းစုမြို့ပေါ်အပါအဝင် ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံအများစုဟာ ရေလမ်းကြောင်းကနေတဆင့် မြိတ်နဲ့ကျွန်းစုမြို့ကို ဝင်ရောက်လာကြပေမယ့် နေရာထိုင်ခင်းအပါအဝင် အခြေစားနပ်ရိက္ခာအတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ စစ်ရှောင်ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျွန်းစုတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တစ်ဦးသေဆုံးပြီး စစ်ကောင် စီတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရ့ါတယ်။

ဒါပေမယ့် နိုဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းထိ တိုက်ပွဲပြန်လည်ဖြစ်ပွားတာ မရှိပေမယ့် စစ်ကောင်စီစစ်ကြောင်း ကျေးရွာထဲ ဆက်လက်တပ်စွဲထားတဲ့အတွက် နှစ်ဖက်စစ်ရေးဆက်လက်တင်းမာနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးအပတ်ကလည်း ကျွန်းစုမြို့နယ်၊ မင်းဂုတ်ရွာက ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးစခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း နှစ်ဖက်တိုက်ပွဲပေါင်း ၃၄ ကြိမ်အထိ ဖြစ်ပွားထားပြီး တိုက်ပွဲတွေကြောင့် ဒေသခံတစ်သောင်းကျော် ထပ်မံစစ်ရှောင်နေရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...
ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...