ကသာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မြေးအဖွားနှစ်ယောက်သေဆုံး

ကသာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မြေးအဖွားနှစ်ယောက်သေဆုံး

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ မနေ့က နိုဝင်ဘာလ ၁၃ ရက်နေ့ညပိုင်း ၁၁ နာရီလောက်က စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်လို့ မြေးအဖွားတော်စပ်သူ၂ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ကသာမြို့ပေါ်က ခမရ ၃၀၉ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်ပြီး ကသာမြို့ပေါ် က ရပ်ကွက် ၅ မှာရှိတဲ့ အရပ်သားနေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ယောက်ကပြောပါ တယ်။

“ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ရမ်းထုနေပါတယ်ဗျာ မနေ့ညကလက်နက်ကြီးတွေထုလို့ ရပ်ကွက်တစ်ခု က လူနေအိမ်ပေါ်ကျတာ အဖွားရယ်သူ့မြေးလေးရယ်သေသွားတယ်” လို့ပြောပါတယ်။

လက်နက်ကြီးကျည်ထိမှန်တဲ့ မြေးအဖွား ၂ ယောက်ထဲက အဖွားဖြစ်သူ အသက် ၇၀ ကျော်နဲ့ မြေးမလေး အသက် ၁၃ နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိကသာမြို့ပေါ်မှာတော့ စစ်ကောင်စီဘက်က ခမရ ၃၀၉တပ်ရင်း၊ ခရိုင်ရဲတပ်ရင်း၊ မြို့မရဲစခန်း စတဲ့ အဓိက အထိုင်ချစခန်း၃ခုရှိပြီး ထွေအုပ်ရုံး၊ စာသင်ကျောင်းတွေ နဲ့ ဘုန်းကြီးကျောင်းတွေမှာလည်း စစ်ကောင်စီတပ် သားတွေတပ်စွဲထားကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်ဖက်မှာတော့ ကသာမြို့ပေါ်မှာ အရင်ကရှိတဲ့လူဦးရေရဲ့ ၃ပုံ၁ပုံလောက်သာ ကျန်ရှိတော့ပြီး ကျန်နေခဲ့သူတွေကလည်း ဆင်းရဲချို့တဲ့ တဲ့မိသားစုတွေဖြစ်သလို ကသာမြို့တစ်ခုလုံးတိတ်ဆိတ်ခြောက်ကပ် နေပြီလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

“ မြို့ကတော့လုံးဝကိုခြောက်ကပ်သွားပါပြီ ဈေးရောင်းဈေးဝယ်တွေလည်းမရှိသလို အသွားအလာတွေ၊ လမ်းမတွေပေါ်မှာ ကားတွေဆိုင်ကယ်တွေသွားတာလည်း လုံးဝမရှိတော့ပါဘူး ခြောက်ကပ်သွားပါပြီ မြို့ထဲမှာဆို စစ်ကောင်စီတပ်ဖွဲ့တွေလောက်ပဲကျန်သလိုဖြစ်နေပါတယ် အစွန်အဖျားရပ်ကွက်နဲ့ ဆင်ခြေဖုံး ချို့တဲ့ တဲ့မိသားစုတွေ အသင့်တင့်ကျန်သေးတယ်” လို့ပြောပါတယ်။

ဒါ့အပြင် ကသာမြို့နယ်မှာတော့ စစ်ကောင်စီတပ်ဘက်က လျှပ်စစ်မီးတွေဖြတ်တောက်ထားတာ ၅ ရက်ခန့် ရှိလာပြီဖြစ်သလို မြို့တွင်း စစ်ကောင်စီတပ်ဘက်က စစ်ကားတွေနဲ့နေ့စဥ် ကင်းလှည့်ပတ်တာတွေလုပ်နေ တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကသာမြို့နယ်ကကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ကသာမြို့ကို စွန့်ခွာ ကြဖို့ သတိပေးစကားပြောတာတွေရှိခဲ့ပြီး နေရပ်စွန့်ခွာဖို့ကိုလည်း ဝန်မလေးကြဖို့ တိုက်တွန်းတာတွေရှိခဲ့ပါ တယ်။

ပုံ- ကသာမြို့တွင်းတစ်နေရာ (ပုံဟောင်း)

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...