PDF နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားသည့် တိုက်ပွဲတွင် ပလက်ဝတွင် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရ

PDF နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားသည့် တိုက်ပွဲတွင် ပလက်ဝတွင် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ယင်းတိုက်ပွဲသည် ယနေ့ နိုဝင်ဘာလ ၄ ရက်၊ မနက် ၇ နာရီကျော်ခန့်က ပလက်ဝမြို့နယ်၊ ဆမီးမြို့နှင့် ၅ မိုင်ခန့်ကွာဝေးသော ဘားဝကျေးရွာတွင်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပလက်ဝမြို့မှ ဒေသခံတစ်ဦးက "ဘားဝမှာ စစ်တပ်စခန်းငယ်တစ်ခုရှိတယ်။ အဲ့ဒီတပ်စခန်းကို PDF က ဝင်တိုက်တယ်လို့ ကြားတယ်။ မနက် ၇ နာရီကနေ တိုက်ပွဲဖြစ်တာ ဒီမနက် ၉ နာရီလောက်မှာ ငြိမ်သွားတယ်"ဟု ပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့်ထိခိုက်ကျဆုံးမှု အသေးစိတ်ကိုလည်း မသိရသေးဟု ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားစဥ် ဘားဝကျေးအတွင်း နေအိမ်အနီး၌ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲ၍ ဒေသခံကလေးမိခင် အမျိုးသမီးတစ်ဦး၏ တင်ပါး၌ ဒဏ်ရာရရှိသွားကာ ဆမီးဆေးရုံသို့ ဆေးကုသရန် ပို့ဆောင် ထားရသည်ဟု ဒေသခံများမှ သိရသည်။

ဆမီးမြို့က အမျိုးသားတစ်ဦးက "အဲဒီရွာက ကလေးအမေ အမျိုးသမီး တစ်ဦးတော့ တင်ပါးမှာ လက်နက်ကြီးကျည်စထိပါတယ်။ ဒဏ်ရာက သိပ်တော့ မစိုးရိမ်ရပါဘူး။ လက်ရှိ ဆမီးမြို့ဆေးရုံမှာပါ "ဟု ပြောသည်။

အဆိုပါလက်နက်ကြီးကျည်မှာ မည်သည့်အဖွဲ့ကပစ်ခတ်သည်ကို  မသိရသေးဟုလည်း ဒေသခံများက ပြောသည်။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...