ရောဘတ်စစ်ရှောင်စခန်းက မသန်စွမ်းအယောက် ၈၀ ကျော်အတွက် ကူညီထောက်ပံ့မှုလိုအပ်နေ

ရောဘတ်စစ်ရှောင်စခန်းက မသန်စွမ်းအယောက် ၈၀ ကျော်အတွက် ကူညီထောက်ပံ့မှုလိုအပ်နေ
ပုံစာ - ရောဘတ်စစ်ရှောင်စခန်း
ပုံစာ - ရောဘတ်စစ်ရှောင်စခန်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင်းရှိ ရောဘတ်စစ်ရှောင်စခန်းက မသန်စွမ်းအယောက် ၈၀ ကျော်အတွက် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။

စစ်ရှောင်စခန်းက မသန်စွမ်းသူတွေအတွက် အာဏာမသိမ်းခင် လိုအပ်တဲ့ အထောက်အကူ့ပြု ပစ္စည်းတွေ ထောက်ပံ့ပေးတာ ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ကူညီထောက်ပံ့တာတွေ မရှိတော့ဘူးလို့ ရောဘတ်စစ်ရှောင် စခန်းတာဝန်ခံက အခုလိုပြောပါတယ်။

“မသန်းစွမ်းတွေက တစ်ယောက်နဲ့တစ်ယောက်မတူတော့လေ အမြင်မသန်စွမ်းဆိုရင် မျက်မှန်၊ မျက်လုံး ခွဲစိတ် ပေးတာတို့၊ အကြား တွေ အတွက်ဆို နားကြပ်တို့ ပေါ့နော် အဲ့လိုမျိုးပေါ့၊ တစ်ယောက်ချင်းစီအတွက် လိုအပ် တာတွေ အရင်က လုပ်ပေးတာတွေရှိခဲ့ပေမဲ့ အခုက ဘယ်သူမှလည်း ကူညီတာတွေ မရှိတော့ဘူး။ ကျွန်တော်တို့ လည်း စစ်ရှောင်တွေဆိုတော့ သူတို့အတွက် မလုပ်ပေးနိုင်ဘူးလေ” လို့ ပြောပါတယ်။

လက်ရှိမှာ မသန်စွမ်းတွေအတွက် မျက်မှန်၊ နားကြပ်၊ ချိုင်းထောက် အစရှိသဖြင့် အထောက်အကူပြု ပစ္စည်းတွေ လိုအပ်နေတဲ့အပြင် အဝတ်အထည်နဲ့ အစားအသောက် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိသားစုတွေအနေနဲ့ ငွေကြေး မတတ်နိုင်တာကြောင့် မသန်စွမ်းတွေဟာ ပညာရေးပိုင်းမှာ သင်ကြားနိုင် တာ မရှိတဲ့အတွက် ကူညီထောက်ပံ့တာတွေရှိခဲ့ရင် စစ်ရှောင်စခန်းထဲမှာ သီးသန့် ကျောင်းဖွင့်ပေးစေချင်တယ်လို့ သူက ဆက်ပြောပါတယ်။

“အရင်တုန်းက စခန်းထဲမှာ စာသင်ပေးတာတွေ ရှိခဲ့တယ်။ အခုအဲ့ဒါတွေ မရှိတော့ ငွေကြေးလည်း မတတ်နိုင်ကြ ဆိုတော့ စာဆက် မသင်နိုင်တော့ဘူးလေ သူတို့တွေ။ ဖြစ်နိုင်ရင်တော့ စခန်းထဲမှာပဲ သူတို့အတွက် ကျောင်းဖွင့် ပေးချင်တယ်” လို့ ပြောပါတယ်။

မသန်စွမ်း ကလေးတွေအနေနဲ့လည်း ပညာသင်ကြားမှုပိုင်း နှောင့်နှေးတာတွေ ရှိတာကြောင့် တချို့က စာမသင်ချင်တော့တာမျိုး၊ ရှက်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းမှာ အသက် ၁၀ နှစ် ကနေ အသက် ၆၀ ဝန်းကျင်ထိ မသန်စွမ်းသူ စုစုပေါင်း ၈၃ ယောက်ရှိတဲ့ အထဲမှာ ခန္ဓာကိုယ်မသန်စွမ်းသူ၊ အမြင်အာရုံချို့ယွင်းသူ၊ အကြားအာရုံ ချို့ယွင်းသူ၊ ဉာဏ်ရည်ချို့ယွင်းသူ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူတွေ ပါဝင်ပြီး အများအားဖြင့်က လူငယ်တွေ ဖြစ်ကြတယ်လို့ စစ်ရှောင်စခန်း တာဝန်ရှိသူက ပြောပါတယ်။

ရောဘတ်စစ်ရှောင်စခန်းမှာ အိမ်ထောင်စုပေါင်း ၅၆၂ စု၊ လက်ရှိ စစ်ရှောင်ပြည်သူ လူဦးရေ စုစုပေါင်း ၃၃၁၀ ယောက် ရှိပါတယ်။

Most read this week

စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...