ပန်ဆိုင်းမြို့ စစ်တပ်နဲ့ရဲစခန်း ညီနောင်မဟာမိတ်အဖွဲ့တိုက်ခိုက်သိမ်းပိုက်

ပန်ဆိုင်းမြို့ စစ်တပ်နဲ့ရဲစခန်း ညီနောင်မဟာမိတ်အဖွဲ့တိုက်ခိုက်သိမ်းပိုက်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့က စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို ညီနောင်မဟာမိတ် အဖွဲ့တွေက ဝင်ရောက်တိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်နဲ့ ရဲစခန်းကို အောက်တိုဘာ ၃၁ မနေ့ည ၈ နာရီမှာ လက်လွတ်လိုက်ရတဲ့ စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာလ ၁ ရက်နေ့၊ မနက် ၈ နာရီမှတော့ ဂျက်လေယာဉ်တစ်စီးနဲ့ ရဲစခန်းတဝိုက်ကို လာရောက် ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် အိမ်တချို့လည်း ထိမှန်ပျက်စီး သွားပါတယ်။

“ပန်ဆိုင်းရဲစခန်းကိုတော့ ညီနောင်ကိုးကန့်တွေ သိမ်းပိုက်လိုက်ပြီ။ စခန်းကိုလည်း မီးရှို့လိုက်ပြီပြောတယ်။ စစ်တပ်စခန်းကိုတော့ မသိမ်းနိုင်သေးဘူး။ ဒီမနက် ၈ နာရီလောက်မှာ လေယာဉ်နဲ့ လာပစ်သွားတယ်။ ရပ်ကွက် ၄ က နေအိမ်တစ်အိမ်ထိပြီး ပြည်သူ ၄ ဦးမှာ ထိသွားတယ်” လို့  ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်တပ်လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ဒေသခံအမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ ၇ နှစ်ဝန်းကျင်အရွယ် ကလေး ငယ်တစ်ဦး စုစုပေါင်း ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကြူကုတ်ပန်ဆိုင်းမြို့က စစ်ကောင်စီတပ်စခန်းနဲ့ မြို့မရဲစခန်းကို ညီနောင်မဟာမိတ်အဖွဲ့ ကိုးကန့် MNDAA၊ တအာင်း TNLA အပါအဝင် AA တို့ အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး ဒရုန်းစစ်ဆင်ရေးနဲ့ စတင်တိုက်ခိုက်နေ တာ ဖြစ်ပါတယ်။

အဲ့ဒီလို တိုက်ခိုက်နေရာမှ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေလည်း ထွက်ပြေးသွားပြီး ရဲစခန်းကိုလည်း  မဟာမိတ်အဖွဲ့ တွေ ဝင်စီးကာ မီးရှို့ဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွှဲပိုင်း အချိန်ထိ ပန်ဆိုင်းမြို့ထဲ ညီနောင်မဟာမိတ်အဖွဲ့တွေ ဝင်ရောက်စီးနင်းနေပြီ ဖြစ်သလို စစ်ကောင်စီတပ်စခန်းကိုလည်း တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ပန်ဆိုင်းမြို့က အဲ့ဒီရဲစခန်းနဲ့ စစ်ကောင်စီစခန်းကို သိမ်းပိုက်ရရှိပါက ပန်ဆိုင်း မြို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ပြောပါတယ်။

“ပန်ဆိုင်းက အဲ့ဒီ စစ်တပ်စခန်းနဲ့ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဆိုရင်တော့ ပန်ဆိုင်းက ကိုးကန့်လက်ထဲ ဖြစ်ပြီ။ အခုလည်း မြို့ထဲဝင်စီးနေပြီး။ ပန်ဆိုင်းစစ်တပ်စခန်းတွေလည်း ရှိနေသေးတယ်။ ကိုးကန့်ဘက်က ဒရုန်းနဲ့ အဲ့ဒီ စစ်တပ်စခန်းကုန်းကို ပစ်ခတ်တိုက်ခိုက်နေတုန်း” လို့ နိုဝင်ဘာလ ၁ ရက်နေ့၊ မနက် ၁၁ နာရီလောက်မှာ ဒေသခံ အမျိုးသားတစ်ယောက်က ကချင်သတင်းဌာနကို ပြောပါတယ်။

ပန်ဆိုင်းမြို့က ဒေသခံပြည်သူ အားလုံးနီးပါးကတော့ အောက်တိုဘာ ၃၀ ရက်နေ့ကတည်းက တရုတ်အစိုးရ ဘက်ကို ညှိနှိုင်းတောင်းဆိုပြီး တရုတ်ဘက်ခြမ်းကို စစ်ရှောင်ခိုလှုံနေကြရပါတယ်။

ရှမ်းမြောက်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ စခဲ့တဲ့ ‘၁၀၂၇’ စစ်ဆင်ရေးဟာ ၆ ရက်မြောက်နေ့ ရှိလာပြီ ဖြစ်ပြီး ရှမ်းမြောက်မှာရှိတဲ့ ချင်းရွှေဟော်နဲ့ ဖောင်းဆိုင်ဒေသကို ညီနောင်မဟာမိတ်တပ်က အပြီးသတ် သိမ်းထား နိုင်သလို သိန္နီမြို့ကိုလည်း ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့လက်အောက်ခံ ရဲစခန်း ၈၀ ဝန်းကျင်ကိုလည်း မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့က သိမ်းယူ ထားနိုင်သလို နိုဝင်ဘာလ ၁ ရက်နေ့မှာတော့ စစ်ဆေးရေး ၆ ရက်မြောက်နေ့အဖြစ် ဆက်လက် တိုက်ပွဲဝင်နေကြ ဆဲလည်း ဖြစ်ပါတယ်။

Most read this week

စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...