တိုက်ပွဲတွေကြောင့် ဒေသခံတစ်ထောင်နီးပါး ထီးချိုင့်မြို့ပေါ် ရှောင်တိမ်းနေရ

တိုက်ပွဲတွေကြောင့် ဒေသခံတစ်ထောင်နီးပါး ထီးချိုင့်မြို့ပေါ် ရှောင်တိမ်းနေရ

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်အတွင်း အောက်တိုဘာလ နောက်ဆုံးအပတ်မှာ စတင်ဖြစ်ပွားလာတဲ့ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများ၏ တိုက်ပွဲတွေကြောင့် ဒေသခံတစ်ထောင်ခန့် ထီးချိုင့်မြို့ပေါ် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်မြို့နယ်အတွင်း ယခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထက် ယခုတိုက်ပွဲက ပိုပြင်းထန်သလို ထီးချိုင့်မြို့ ပေါ် ကို စစ်ဘေး တိမ်းရှောင်လာသူတွေကလည်း အရင်ကထက် ပိုမိုများပြားလာတယ်လို့ မြို့ပေါ်ရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။

“ပြေးတဲ့လူတွေကတော့ နည်းတာချည်း မဟုတ်ဘူး။ မြို့ထဲမှာလည်း ပြည့်လို့နေပြီ။ ဘုန်းကြီးကျောင်းလည်း ပြည့်ကုန်ပြီ။ နည်းတဲ့လူမဟုတ်ဘူး တစ်ထောင်လောက်တော့ ရှိမယ်ထင်တယ်”  မြို့ခံတစ်ဦးက ပြောပါတယ်။

အခုဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ နှစ်ဖက်စလုံး အထိအခိုက် အကျအဆုံး အခြေအနေနဲ့ ပတ်သက်ပြီး  ဒေသခံ သတင်းအရင်းတစ်ဦးက အခုလို ပြောပါတယ်။

“နှစ်ဖက်စလုံးတော့ အထိအခိုက်များတယ်။ ကျတာကတော့ ဘယ်ဘက်ကကျတာလည်းတော့ မပြောတတ်ဘူး။ ဒါပေမယ့်လည်း အခု လောလောဆယ် ကျွန်တော်တို့သိတာက စစ်ကောင်စီဘက်ကတော့ သူတို့ရဲ့ လူကြီး တစ် ယောက်တော့ ကျသွားတယ်။ ကျသွားပြီးတော့ ဒဏ်ရာရတဲ့ သူတို့ရဲ့လူတွေကလည်း မနည်းဘူး ကားနဲ့ သယ် ထွက်လာတာ” လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲထဲ စစ်ကောင်စီဘက်က လေကြောင်းသုံး တိုက်ခိုက်တာတွေလည်း ရှိတယ်လို့ ဆိုကြပါတယ်။

အခုလို ရက်ဆက်ဖြစ်ပွားနေတဲ့ တိုက်ပွဲက တစ်နေရာတည်းမှာ မဟုတ်ဘဲ ထီးချိုင့်မြို့နဲ့ သုံးမိုင်လောက်ဝေးတဲ့ ကားလမ်းမကြီးရဲ့ အနောက်ဘက်ဒေသတွေမှာ ဖြစ်ပွားနေပြီး ခရီးအသွားအလာ ရပ်တန့်သွားတာမျိုးတော့ မရှိဘူးလို့ ဆိုကြပါတယ်။

ထီးချိုင့်မြို့နယ် နဲ့ ကောလင်းမြို့နယ်ကြားရှိ မော်ကွန်းတောင် အနောက်ဖက်တောင်ရိုးတလျှောက်မှာ စစ်ကောင်စီ နဲ့ ရက္ခိုင့်တပ်တော် (AA )၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ဖက်အကျဆုံး ရှိတယ် လို့ စစ်ကောင်စီ သတင်းတွေ ထုတ်ပြန်နေတဲ့ တယ်လီဂရမ်ချယ်နယ်တွေက ဖော်ပြနေကြပါတယ်။

May 30, 2026
သျှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လက်သမားခ တစ်နေ့လျှင့် ကျပ်ငွေ...
May 29, 2026
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး...
May 28, 2026
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး...
May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...