ဗန်းမောက်ဒေသ ငှက်ဖျားတိုက်ဖျက်ရေး တာဝန်ခံတစ်ဦး ထောင်ဒဏ်တစ်သက် ချမှတ်ခံရ

ဗန်းမောက်ဒေသ ငှက်ဖျားတိုက်ဖျက်ရေး တာဝန်ခံတစ်ဦး ထောင်ဒဏ်တစ်သက် ချမှတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် မြောက်ပိုင်းဒေသရှိ ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့ တာဝန်ခံ တစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့များက ကိုသန်းနိုင်ဦးကို ဗိုလ်တစ်ထောင်ရပ်ကွက်ရှိ ၎င်း၏ နေအိမ်ကနေ ယခုနှစ်အစောပိုင်း မှာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဗန်းမောက်မြို့ခံတစ်ဦးက ပြောပါတယ်။

“အေး အဲ့ဒီမဖမ်းခင်က သူက ထွက်နေပြီလေ သူ့နာမည်က။ ဖမ်းသွားတာတော့ ကြာပြီ နှစ်အစလောက်က ထင် တာပါ့။ သူ့အိမ်မှာဝင်ပြီးတော့ ခေါ်သွားတာ။”

ကိုသန်းနိုင်ဦးကို စစ်ခုံရုံးက ကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-ည၊ ၅၂-က အရ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ထောင်ဒဏ်တစ်သက် ကျခံစေဖို့  ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချယ်နယ်တွေ ရေးသားမှုတွေ ရှိနေပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်မှုအရ ရွှေလုပ်ငန်းတွေဆီ ငွေကြေးကောက်ခံပြီး PDF တွေအတွက် ရိက္ခာဝယ်ယူ ပို့ ဆောင်ပေးတာ၊ စစ်ရေးလုပ်ရှားမှုတွေကို သတင်းပေးတာနဲ့ နယ်မြေအခြေအနေတွေ မေးမြန်းပေးမှုတွေ ပြုလုပ် ခဲ့တာလို့ ဆိုထားပါတယ်။

ကိုသန်းနိုင်ဦး အဖမ်းမခံရခင် အချိန်အထိ INGO အဖွဲ့တစ်ခုရဲ့ ငှက်ဖျားတိုက်ဖျက်ရေး လုပ်ငန်းမှာ ဗန်းမောက် မြောက်ပိုင်း တာဝန်ခံအနေနဲ့ အလုပ် လုပ်ကိုင်နေခဲ့သူ ဖြစ်တယ်လို့လည်း နောက်ထပ် ဗန်းမောက်မြို့ဒေသခံ တစ်ဦးက ပြောပါတယ်။

ဗန်းမောက်မြို့ခံ တစ်ဦးက “NGO ပေါ့။ ဟိုက INGO ငှက်ဖျားတိုက်ဖျက်ရေးမှာ လုပ်တဲ့သူ။ သူက မြောက်ဘက် ရိုး ကျတာ” လို့ ပြောပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့ တစ်ရက်တည်းမှာပင် စစ်ကောင်စီ၏ စစ်ခုံရုံးက ယင်းမာပင် မြို့နယ်က (၂)ဦး၊ ရွှေဘို မြို့နယ်က (၃)ဦး၊ ဗန်းမောက်မြို့နယ်က (၂)ဦး၊ အင်းတော်မြို့နယ်က (၃)ဦး  စုစုပေါင်း (၁၀)ဦးကို ထောင် ဒဏ် အသီးသီး ချမှတ်ခဲ့ပါတယ်။

Most read this week

ရှမ်းနီ အမျိုးသား ရိုးရာဝတ်စုံအမည် သတ်မှတ်ရေး အစည်းအဝေး ပြုလုပ်နေသည်ကို တွေ့ရစဉ်။ / Sai Aung Myo - ရှမ်းနီအသံ
September 18, 2026
ကချင်ပြည်ရှိ ရှမ်းနီ တိုင်းရင်းသားများ၏ အမျိုးသား ရိုးရာဝတ်စုံ (National Dress) အမည်...
Photo - Crd
September 17, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးကို တွေ့ရစဉ်။ / Crd)
September 16, 2026
မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၌ ရောဂါ ၁၂ မျိုးကို အထူးကုဆရာဝန်ကြီးများ လာရောက်ကုသပေးမည်...
September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...