NCA ရှစ်နှစ်ပြည့် အခမ်းအနား တက်ခဲ့သည့် ABSDF ဒုဥက္ကဋ္ဌ အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးကို တာဝန်မှ ရပ်နား

NCA ရှစ်နှစ်ပြည့် အခမ်းအနား တက်ခဲ့သည့် ABSDF ဒုဥက္ကဋ္ဌ အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးကို တာဝန်မှ ရပ်နား
ABSDF ဒုဥက္ကဋ္ဌ မျိုး၀င်းအား တွေ့ရစဉ်
ABSDF ဒုဥက္ကဋ္ဌ မျိုး၀င်းအား တွေ့ရစဉ်

စစ်ကောင်စီက ကျင်းပသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ရှစ်နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - ABSDF  ဒုဥက္ကဋ္ဌ ဦးမျိုး၀င်း အပါအဝင် တပ်ဖွဲ့ဝင်သုံးဦးကို တာဝန်မှ ရပ်နားလိုက်သည်။

ဦးမျိုးဝင်း အပါအဝင် ၎င်းတို့ ၃ ဦးအား နိုင်ငံရေး၊ စစ်ရေးတာဝန်များမှ ရပ်စဲကြောင်း ABSDF ဗဟို ကော်မတီက အောက်တိုဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ABSDF မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဆန်နီ က “ပါတီ အဖွဲ့အစည်းရဲ့ သဘောထား ရပ်တည်ချက်မဟုတ်ဘဲနဲ့ သူတို့ရဲ့ သဘောဆန္ဒအတိုင်း စစ်ကောင်စီက တရား မဝင်ကျင်းပတဲ့ ရှစ်နှစ်မြောက် NCA နှစ်ပတ်လည်နေ့ သွား တက်တဲ့ ရဲဘော် ၃ ဦးကိုတော့ သူတို့ရဲ့ နိုင်ငံရေး တာ ဝန်တွေ စစ်ရေးတာဝန်တွေက ရပ်နားလိုက်ပါတယ်” ဟု နိရဉ္စရာ ကို ပြောသည်။

ယနေ့ကျင်းပသည့် ABSDF အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်ချက်အရ ရပ်နားလိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့သဖြင့် တာဝန်မှရပ်စဲခံရသူ သုံးဦးမှာ ABSDF ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ တပ်မ မှူး ရဲဘော် မင်းဇော်နှင့် ရဲဘော် စောမောင်မောင်ဦးတို့ ဖြစ်ကြောင်း ရဲဘော်ဆန်နီက အတည်ပြုပြောကြားသည်။

တပ်ဖွဲ့ဝင် ၃ ဦးသည် NCA ၈ နှစ်မြောက်အခန်းအနားသို့ မကဒတ မှ ချမှတ်ထားသော မူ၊ သဘောထား၊ ရပ်တည် ချက်များနှင့် ဆန့်ကျင်၍ ၎င်းတို့၏ ဆန္ဒသဘောထား သက်သက်ဖြင့် တက်ရောက်ခဲ့ကြောင်း တွေ့ရှိရသော ကြောင့် ၎င်းတို့၏ နိုင်ငံရေး နှင့် စစ်ဘက်ဆိုင်ရာ တာဝန်အသီးသီးကို ရုပ်သိမ်းလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၏သဘောထား၊ ရပ်တည်ချက်များနှင့် ဆန့်ကျင် သည်များ ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် ၎င်းတို့အား သတိပေးသည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

၁၉၈၈ က တည်ထောင်ခဲ့သော ABSDF သည် ၂၀၁၅ ခုနှစ်တွင် NCA စာချုပ် လက်မှတ်ထိုးရာတွင် ပါဝင်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ရက်နေ့ကလည်း စစ်ကောင်စီကြောင့် NCA စာချုပ်မှာ ပျက်ပြယ်သွားပြီ ဖြစ် ကြောင်း နှင့် NCA ရှစ်နှစ်ပြည့် အခမ်းအနားကို တက်ရောက်မည်မဟုတ်ကြောင်း ABSDF၊ CNF၊ KNU စသည့် သုံးဖွဲ့က သဘောထား ပူးတွဲထုတ်ပြန်ခဲ့သေးသည်။

May 30, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်ကျောက်ဖြူမြို့မှ ဒေသခံ ၂ ဦးအား လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်ဘဲ...
May 29, 2026
ပိုးဝါ — ရခိုင်ပြည်၊ ရမ်းဗြဲ၊ ကျောက်ဖြူ နယ်ခြားဒေသ၊ ပိန္နဲတောင်/မော်ဦးအနီး...
May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...