အင်းတော်မြို့နယ် မြသီတာကျေးရွာ နှင့် ကျွဲကောလေးကျေးရွာကြားမှာ နှစ်ရက်ဆက်တိုက်ပွဲ ဖြစ်ပွား

အင်းတော်မြို့နယ် မြသီတာကျေးရွာ နှင့် ကျွဲကောလေးကျေးရွာကြားမှာ နှစ်ရက်ဆက်တိုက်ပွဲ ဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း အင်းတော်မြို့နယ် မြသီတာကျေးရွာနှင့် ကျွဲကောလေးကျေးရွာကြားမှာ အောက်တိုဘာလ ၈ ရက်နေ့နှင့်  ၉ ရက်နေ့တို့မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဗန်းမောက် တောင်ပိုင်းဒေသခံ တစ်ဦး၏ ပြောပြချက်အရ သိရှိရပါတယ်။

“မြသီတာကြားနဲ့ ကျွဲကောလေးကြားမှာ။ မနေ့ကတော့ အတိအကျ မသိတော့ဘူး။ ဒီနေ့ကတော့ တစ်နာရီကျော် လောက်က စတာပဲ” လို့ အင်းတော် ဒေသခံတစ်ဦးက ပြောပြပါတယ်။

နှစ်ရက်ဆက်တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိသူတွေရှိနေပြီး အရေအတွက်ကိုတော့ အတိအကျ မသိရှိ ရဘူးလို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ တော်လှန်ရေးအင်အားစု တပ်သားများကို ၎င်းတို့ ထိန်းချုပ်ထားတဲ့ ဗန်းမောက် တောင် ပိုင်း ဒေသဘက်ကို သယ်ဆောင်လာတာတွေ မြင်တွေ့ရတယ်လို့ ဗန်းမောက်ဒေသခံတစ်ဦးက ပြောပါတယ်။

“နည်းနည်း ဟိုက ခြေထောက်တွေ ထိလာတယ် ပြောတယ်။ တောင်ပိုင်းဘက်ကို သူတို့ (တော်လှန်ရေး အင်အား စု) သယ်လာတယ်။ သူတို့(တော်လှန်ရေးအင်အားစု) လူနာတွေ တင်လာတာတော့ တွေ့တယ်” လို့ ၎င်းက ပြောပါ တယ်။

အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကလည်း နင်းမိတဲ့အတွက် ခြေထောက်ပြတ်သွားတယ်လို့လည်း ၎င်းကဆက်ပြောပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ကလည်း ဗန်းမောက်မြို့နယ် ကျွဲကောကြီးကျေးရွာမှာ စစ်ကောင်စီတပ်နှင့် တော် လှန်ရေး အင်အားစုများ နှစ်ဖက် ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ဗန်းမောက်မြို့ကနေ လက်နက်ကြီး ပစ်ကူတာတွေ ရှိခဲ့တယ်လို့ ဗန်းမောက်မြို့ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။

“အေး ဟုတ်တယ်။ ကျွဲကောကြီးဘက်ကတော့ မနေ့ကလည်း ပစ်တယ်။ ဒီကနေလည်း ပစ်ကူသံတွေ ကြားရပါ တယ်။ ဒီနေ့မနက်တောင် ကြားနေရတာ တစ်လုံး နှစ်လုံး ရှိပြီ” လို့ ဗန်းမောက်မြို့ခံတစ်ဦးက ပြောပါတယ်။

ဗန်းမောက်မြို့ နှင့် အင်းတော်မြို့နယ်ကြားမှာ စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း တပ်ချိန်းပြောင်းတွေ လုပ်တာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...
April 7, 2026
မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ စက်သုံးဆီတွေကို ခွဲတမ်းနဲ့အလှည့်ကျဝယ်ယူနေရချိန်...