ဗန်းမောက်မြို့နယ်မှာ စစ်ကောင်စီက ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးအပ်

ဗန်းမောက်မြို့နယ်မှာ စစ်ကောင်စီက ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်ရှိ ဗန်းမောက်မြို့မ ပြည်သူ့စစ်အဖွဲ့ကို လက်နက် တပ်ဆင်ပေးအပ်ပွဲတစ်ခုကို အောက်တိုဘာလ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ဗန်းမောက်မြို့ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးခဲ့တာဟာ ယခုနှစ် မေလ ကတည်းက ဖြစ်ပေမယ့် အောက်တိုဘာလမှသာ လက်နက်အပ်ပွဲ ကျင်းပပြုလုပ်ခဲ့တာလို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အေး ဟုတ်တယ်လေ။ လက်နက်အပ်တာက ကြာပါပြီ။ သူတို့ဘာသာသူတို့ ဟိုလိုမျိုး လက်နက်အပ်ပွဲ ကျင်းပ တာပါ့။ တစ်ရာကျော်တယ်နော် အနည်းဆုံးမှာ” ၎င်းက ပြောပါတယ်။

စစ်ကောင်စီက ဗန်းမောက်မြို့ပေါ်မှာ ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးပြီး နောက်ပိုင်းမှာတော့  ဗန်းမောက်မြို့ပေါ်မှာ ပစ်ခတ်မှုတွေ နည်းပါးသွားတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

သို့ပေမယ့် ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးတဲ့ မေလနောက်ပိုင်းမှာ မြို့ပေါ်နှင့်အနီးတဝိုက်မှာ ပစ်ခတ်မှု တွေဟာ ၁၀ ကြိမ်ထက်မနည်း ရှိသလို မိုင်းပေါက်ကွဲမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ဗန်းမောက်မြို့မှာ ယခင်က ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းတည်ထောင်ခဲ့မှု ရှိခဲ့ပြီး အခု နောက်တစ်ကြိမ် ပြန်ဖွဲ့စည်း တာဖြစ်ပါတယ်။

စစ်ကောင်စီက လက်နက်နှင့် ရိက္ခာတွေကို ထောက်ပံ့ပေးတာ ဖြစ်တယ်လို့ ဗန်းမောက်ပြည်သူ့စစ်နဲ့ နီးစပ်သူ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဗန်းမောက်မြို့နယ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့တစ်ခုဖြစ်ပြီး ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ၊  ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့  KIA ပူးပေါင်းတပ်၊ စစ်ကောင်စီ စစ်ကြောင်း၊ ပြည်သူ့စစ်အဖွဲ့တွေ လှုပ်ရှားနေကြတဲ့ ဒေသလည်း ဖြစ်ပါတယ်။

Most read this week

ရှမ်းနီ အမျိုးသား ရိုးရာဝတ်စုံအမည် သတ်မှတ်ရေး အစည်းအဝေး ပြုလုပ်နေသည်ကို တွေ့ရစဉ်။ / Sai Aung Myo - ရှမ်းနီအသံ
September 18, 2026
ကချင်ပြည်ရှိ ရှမ်းနီ တိုင်းရင်းသားများ၏ အမျိုးသား ရိုးရာဝတ်စုံ (National Dress) အမည်...
Photo - Crd
September 17, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးကို တွေ့ရစဉ်။ / Crd)
September 16, 2026
မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၌ ရောဂါ ၁၂ မျိုးကို အထူးကုဆရာဝန်ကြီးများ လာရောက်ကုသပေးမည်...
September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...