မြိတ်တွင် စစ်ရှောင် ဦးရေ ၆,၀၀၀ ကျော် အထိရှိလာ၊ ကုန်စျေးနှုန်း တက်၍ စားနပ်ရိက္ခာ မလုံလောက်

မြိတ်တွင် စစ်ရှောင် ဦးရေ ၆,၀၀၀ ကျော် အထိရှိလာ၊ ကုန်စျေးနှုန်း တက်၍ စားနပ်ရိက္ခာ မလုံလောက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ရှောင်ဦးရေ ၆,၀၀၀ ကျော် အထိရှိလာပြီး ကုန်ဈေးနှုန်း တက်လာ၍  စားနပ်ရိက္ခာ မလုံလောက်ကြကြောင်း စစ်ရှောင် ကူညီပေးသူများက ပြောသည်။

ထိုစစ်ရှောင် ဦးရေစာရင်းမှာ ပြီးခဲ့သည့်  စက်တင်ဘာလကုန်အထိ ရရှိထားသောစာရင်း ဖြစ်ပြီး စစ်ရှောင် ကူညီ ပေးရေး အဖွဲ့အချင်းချင်း ချိတ်ဆက်၍ အချက်အလက် စုဆောင်းထားခြင်း ဖြစ်ကြောင်း ကူညီပေးနေသူများက ပြောသည်။

နွေဦးမေတ္တာနှင့် တွဲလက် ညီညီ ဆိုသည့် စစ်ဘေးရှောင် ကူညီရေးအဖွဲ့ နှစ်ခု နှင့် ချိတ်ဆက် ဆောင်ရွက်နေသည့်  အမျိုးသမီး တစ်ဦးက “ကျွန်မမှာ လက်ရှိ ဟို အရင်ကတည်းက အပြီး ရှောင်နေရတဲ့ လယ်သစ်ရွာက စစ်ရှောင် တွေ ရှိတယ်။  စကစက အမြဲတမ်း စစ်ကြောင်း ထိုးနေတော့ ရပ်ရွာထဲ ကိစ္စရှိမှဝင်ရတဲ့ ပုံစံမျိုးဆိုတော့ ဥယျာဉ်နဲ့ တောထဲမှာ တည်းထိုးပြီး နေနေရတဲ့ သူတွေ ဖြစ်တယ်။ သူတို့အတွက် အမြဲတမ်း ရိက္ခာ လုံလောက်အောင် မပေးနိုင်တဲ့ အခြေအနေ ရှိနေတယ်” ဟု ပြောသည်။

စစ်ရှောင်များအား စတင်ကူညီစဉ်က ဆန်တအိတ် ကျပ် ၁၈,၀၀၀ သာရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ၇၀,၀၀၀ ကျော် အထိ ပေါက်ဈေးရှိနေ၍ စစ်ရှောင် ကူညီပေးနေသည့် အဖွဲ့များကလည်း လောက်ငှအောင် မထောက်ပံ့နိုင်တော့ကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုများကြောင့် ထွက်ပြေးလာသော ထပ်တိုး စစ်ရှောင်များလည်း ရှိလာကြောင်း သိရသည်။

“အခုဆိုရင် အကြောင်း အမျိုးမျိုးနဲ့ ရန်ပုံငွေ အခက်ခဲတွေကြောင့် အရင်က စစ်ရှောင်တွေကို တလစာ ရိက္ခာ ကူညီပေးနိုင်ပေမယ့် အခုချိန်မှာ လမ်းပန်း ဆက်သွယ်ရေးနဲ့ စကစက ဖြတ်လေးဖြတ်ကြောင့် ရက် ၃၀ အစား စစ်ရှောင်တွေကို ၁၅ ရက်စာလောက်ပဲ ကူညီပေး နိုင်တော့တယ်”ဟု စစ်ရှောင် ကူညီပေးနေသည့် အမျိုးသမီးက  ပြောသည်။

စစ်ရှောင်များအတွက် ဆေးဝါးနှင့် ရိက္ခာလိုအပ်ချက်များရှိနေ၍  ပြည်သူများအနေဖြင့် ကူညီပေးကြရန် နွေဦး မေတ္တာ စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့က တောင်းဆိုထားသည်။

ဒေါန တနင်္သာရီ-စစ်ရှောင်များ အထောက်အကူပြုရေးအဖွဲ့ကလည်း စစ်ရှောင်ဦးရေ ၄,၀၀၀ ရှိကြောင်းခန့် aမှန်းထားပြီး လက်တွေ့မြေပြင်တွင် ထို့ထက်များနိုင်ကြောင်း ဩဂုတ်လက  ထုတ်ပြန်ထားသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...