စစ်ရှောင်အမျိုးသမီးတွေ တစ်ဖက်တစ်လှမ်းက ဝင်ငွေရရှိဖို့ ရိုးရာယက်ကန်းသင်တန်းပြုလုပ်ပေး

စစ်ရှောင်အမျိုးသမီးတွေ တစ်ဖက်တစ်လှမ်းက ဝင်ငွေရရှိဖို့ ရိုးရာယက်ကန်းသင်တန်းပြုလုပ်ပေး

ကရင်နီပြည် ဖရူဆိူမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်အမျိုးသမီးတွေ တစ်ဖက်တစ်လှမ်းက ဝင်ငွေရရှိဖို့အတွက် ရိုးရာယက်ကန်းသင်တန်းကို Women For Women Foundation (WWF) က စက်တင်ဘာလ အစောပိုင်းက ပြုလုပ်ပေးခဲ့ပါတယ်။

“အမျိုးသမီးတွေပေါ့နော စစ်ရှောင်ရင်းနဲ့ဝင်ငွေရအောင် သူတို့ရဲ့ တခြား မရှိသေးတဲ့ အရည်အချင်းတွေ မတတ် သေးတဲ့ဟာ တတ်သွားအောင် အဲ့လိုမျိုးစဉ်းစားတယ်။ သူတို့ရဲ့မိသားစုဝင်ငွေ မီးဖိုချောင်သုံးဖို့အတွက် ဝင်ငွေရ အောင်ပေါ့ စဉ်းစားပြီးတော့ အဲ့ဒီသင်တန်းကို ဖွင့်ဖြစ်တယ် ဒီယက်ကန်းပေါ့နော။ တစ်ချက်က ဘာလဲဆိုရင် ဒီနောက်ပိုင်းက ရိုးရာယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့မှ သက်ကြီးပိုင်းကလွဲပြီး ဒီလုပ်ငန်းကို သိပ် စိတ်မဝင်စား တော့တာ ရှိတယ် မလုပ်တတ်တော့တာရှိတယ်။ ဒီရိုးရာယဉ်ကျေးမှုကို ဆက်ပြီးထိန်းနိုင်အောင် လက်ဆင့်ကမ်း ဖြစ်သွားအောင် ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ ဖွင့်ဖြစ်တာပေါ့” လို့ WWF တာဝန်ရှိသူဖြစ်တဲ့ ရိုစီကျော်က ပြောပါ တယ်။

စက်တင်ဘာလအစောပိုင်းကစပြီး စစ်ရှောင်အမျိုးသမီး သင်တန်းသူ (၁၀) ဦးကို ဆရာတစ်ဦးကနေ ၁၉ ရက် ကြာ ပို့ချသင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။

သင်တန်းသူတွေ ယက်လုပ်ထားတဲ့ ရိုးရာယက်ကန်းအထည်တွေကို ယက်လုပ်တဲ့ အမျိုးအစားအလိုက် ဈေးနှုန်း သတ်မှတ်ပြီး WWF ကနေ ပြန်လည်ရောင်းချသွားဖို့ရှိမယ်လို့ ဆိုပါတယ်။

ရိုးရာစောင်၊ လွယ်အိတ်၊ တဘက်၊ တမီ၊ လုံချည်၊ အင်္ကျီ၊ စာလုံးထိုး စတာတွေကို ယက်လုပ်သင်ကြားပေးခဲ့ တယ်လို့ ဆိုပါတယ်။ အဆိုပါ ပထမဆုံးအကြိမ်ဖွင့်လှစ်တဲ့ ရိုးရာယက်ကန်းယက်သင်တန်းကို အသက် ၃၀ နဲ့ ၄၀ ကြားက စစ်ရှောင်အမျိုးသမီး (၁၀)ဦး တက်ရောက် ပြီးစီးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်စခန်းတစ်နေရာမှာသာ သင်တန်းပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ထပ်မံဖွင့်လှစ်ပေးဖို့ စစ်ရှောင် အမျိုးသမီးတွေက တောင်းဆိုကြတာရှိနေပါတယ်။ ယက်လုပ်တဲ့အခါ လိုအပ်တဲ့ကုန်ကြမ်း စုံစုံလင်လင်ကို ရရှိဖို့ ခက်ခဲတာကြောင့် လူဦးရေ အကန့်အသတ်ဖြင့်သာ ခေါ်ယူသင်ကြားရတယ်လို့ ဆိုပါတယ်။

WWF တာဝန်ရှိသူဖြစ်တဲ့ ရိုစီကျော်က “အထောက်အကူ အများကြီး ဖြစ်တယ်ပေါ့နော။ သူတို့ပြန်ရောင်းလို့ လည်း ရတယ်ပေါ့ ပြန်ရောင်းရင်လည်း ဝင်ငွေရမယ်။ အလုပ်အကိုင်လည်းရတယ်ပေါ့” လို့ ဆက်ပြောပါတယ်။

ဖရူဆိုမြို့နယ်အနောက်ခြမ်းက စစ်ရှောင်အမျိုးသမီးတွေအတွက် တစ်နိုင်တစ်ပိုင် ဝင်ငွေရရှိအောင် ဒေသထုတ် ကုန်ဖြစ်တဲ့ မြေအိုးပြုလုပ်နည်း၊ ဆပ်ပြာဖျော်သင်တန်း၊ အိမ်တွင်းမှုလုပ်ငန်း နဲ့ လက်ဖက်ခြောက်၊ ဝက် နဲ့ ကြက် မွေးမြူရေး၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးသင်တန်း စတာတွေကို ပြုလုပ်ပေးလျက်ရှိနေပြီး လိုအပ်တဲ့ အထောက် အပံ့ကို WWF ကနေ ကူညီထားတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်ရှောင်ဦးရေ ၆ထောင်ကျော်ရှိနေပြီး ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ရှောင်ကာလ ကြာမြင့်လာတာနဲ့အမျှ အလှူရှင်ရောက်ရှိမှု နည်းပါးလာတာကြောင့် စားနပ်ရိက္ခာ အတွက် စိုးရိမ်နေရတဲ့အတွက် တစ်နိုင်တစ်ပိုင် ဝင်ငွေလေးရရှိအောင် ဒေသထုတ်ကုန်တွေကို ပြု လုပ်ပြီး ရောင်းချနေရတယ်လို့ ဆိုပါတယ်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...