ယခုလဆန်းပိုင်းတွင် တရုတ်ငွေ ၁၀၀ ယွမ်လျှင် ကျပ်ငွေ ၅ သောင်း ဝန်းကျင်အထိ မြင့်တက်နေ

ယခုလဆန်းပိုင်းတွင် တရုတ်ငွေ ၁၀၀ ယွမ်လျှင် ကျပ်ငွေ ၅ သောင်း ဝန်းကျင်အထိ မြင့်တက်နေ

ယခုလဆန်း နှစ်ပတ်အတွင်း တရုတ်ယွမ်ငွေ ၁၀၀ ယွမ်ကို ကျပ်ငွေ ၅ သောင်းဝန်းကျင်အထိ မြင့်တက် လာနေ ကြောင်း နယ်စပ်နေပြည်သူများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့မှစပြီး ကျပ်ငွေ  ၂ သောင်းတန် ငွေစက္ကူကို ထုတ်ဝေပြီးနောက်ပိုင်း ငွေကြေး ဖောင်းပွမှု ဖြစ်ပေါ်ကာ တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် တရုတ်ယွမ်ငွေ ဈေးနှုန်းမြင့်တက်လာပြီး ကျပ်ငွေ တန်ဖိုးသည် နေ့စဉ်နီးပါး ဆက်တိုက် ကျဆင်းလာနေသည်။

သြဂုတ်လ ၁၁ ရက်နေ့ တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် တရုတ်ယွမ်ငွေ လဲလှယ်ဈေးနှုန်း ၁၀၀ ယွမ်ကို ကျပ်ငွေ ၄၇,၀၀၀ ကျော်၊ ၅သောင်းဝန်းကျင် အထိ ဈေးနှုန်းမြင့်တက်လာနေကြောင်း မူဆယ်မြို့ကုန်သည် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ယွမ်ဈေးကတော့ တစ်နေ့ပြီး တစ်နေ့ တက်လာနေတာပဲ။ ဒီနေ့ ၁၀၀ ယွမ်ကို ကျပ် ၄၇,၀၀၀ အထိ ထပ်တက် လာတယ်။ ၅ သောင်းအထိတော့ မရောက်သေးဘူး။ နောက်နေ့ ဒီထက် တက်လာနိုင်မလားတော့ မပြောတတ် ဘူး” ဟု ၎င်းအမျိုးသမီးက ပြောသည်။

ထိုကဲ့သို့ တရုတ်ယွမ်ငွေ ဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ တရုတ်ပြည်တွင်းထုတ် ကုန်ပစ္စည်းများလည်း ဈေး နှုန်း မြင့်တက်လာနေပြီး တစ်ဖက်တွင် ငွေကြေးဖောင်းပွမှု ကယက်ထမှုကြောင့် ကုန်ဈေးနှုန်းသည်လည်း မြင့် တက်နေလျက်ရှိနေသည်။

လက်ရှိမှာ စားသုံးဆီ (၅၀ လီတာ) တစ်ဗူးကို ကျပ်ငွေ ၂ သောင်းကျော်အထိ ရှိပြီး ဆန် (၁၀၀ ကီလို) တစ်အိတ် ကို ကျပ် ၉ သောင်းအထိ မြင့်တက်လာသဖြင့် ဝယ်ယူစားသုံးရန်အတွက် အခက်ခဲ ရှိလာနေကြောင်း မူဆယ်မြို့ ဒေသခံ အိမ်ရှင်မတစ်ဦးက ပြောသည်။

“အခုက ကျပ်ငွေ ၂ သောင်းတန် ထုတ်ပြီး ဈေးကွက်ထဲမှာ အဲ့ငွေက အများကြီး မရောက်သေးတာပါ။ ကျနော်တို့ ပြည်သူတွေတော့ အဲ့ငွေ စက္ကူကို လက်ထဲမှာ မကိုင်ရဲဘူး။ ဒီ ကျပ်ငွေ ၂ သောင်းတန် ပိုထွက်လာလေလေ ကျနော်တို့ပြည်သူတွေ ပိုဒုက္ခရောက်မှာ။ အစစအရာရာ ဝယ်စားဖို့အတွက် ခက်လာမယ်” ဟု ၎င်း အိမ်ရှင်မက ပြောသည်။

အလားတူ ထိုင်း - မြန်မာ နယ်စပ်ဒေသ တာချီလိတ်မြို့တွင်လည်း ကျပ်ငွေ ၂ သောင်းတန် ထုတ်ဝေပြီး ငွေကြေး ဖောင်းပွမှုကြောင့် ဩဂုတ်လ ၁၁ ရက်နေ့အထိ  ထိုင်းဘတ်ငွေ လဲလှယ်ဈေးနှုန်း ၁၀၂၅ ဘတ်ကို ကျပ် ၁ သိန်း အထိ ရှိနေသည်။

Most read this week

ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...
ဓာတ်ပုံ - Crd
August 31, 2026
သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့်...