ဆန္ဒပြ နိုင်ကျဉ်းများကို ထောင်ဒဏ် ၃ နှစ်စီ တိုးမြှင့်

ဆန္ဒပြ နိုင်ကျဉ်းများကို ထောင်ဒဏ် ၃ နှစ်စီ တိုးမြှင့်

ပုသိမ်အကျဉ်းထောင်တွင် ဆန္ဒပြခဲ့သည့် နိုင်ကျဥ်း ၆၂ ဦးကို ထောင်ဒဏ် ၃ နှစ်စီ ထပ်တိုးအမိန့်ချလိုက်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်အတွင်း ပြီးခဲ့သော ဇန္နဝါရီလက ဆန္ဒပြခဲ့ကြသည့် နိုင်ငံရေး အကျဉ်းသား  ၆၂ ဦးကို ပုသိမ်ထောင်တွင်း တရားရုံးက ထပ်တိုး ထောင်ဒဏ် ၃ နစ်စီချလိုက်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများကပြောသည်။

“ဆန္ဒပြတဲ့အထဲမှာပါတဲ့ ၆၂ ယောက်လုံးကို ထောင်စည်ကမ်းဖောက်လို့ ထောင်ဆူအောင် လုပ်လို့ ပုဒ်မ ၄၂ နဲ့ ‌ထောင်ဒဏ် ၃ နှစ်ချလိုက်တာ” ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

အဆိုပါ နိုင်ကျဉ်း ၆၂ ဦးကို ဇူလိုင်လ ၆ ရက်နေ့တွင် ပုသိမ်အကျဉ်းထောင်တွင်းရှိ အထူးတရားရုံးမှာပင် ထပ်တိုး အမိန့် ၃ နှစ်စီ ချခဲ့ခြင်း ဖြစ်သည်ဟု  နိုင်ငံရေးအကျဉ်းသား မိသားစုဝင်အချို့က အတည်ပြုပြောသည်။

ပုသိမ်အကျဥ်းထောင်တွင် ပြီးခဲ့သော ဇန္နဝါရီလ ၅ ရက်နေ့ညက နိုင်ငံရေးအကျဥ်းသား ၈ ဦးကို စစ်ဆးရန်ရှိသည် ဟုဆိုကာ ခေါ်ထုတ်သွားပြီး နောက်နေ့တွင် ၇ ဦးမှာ ဒဏ်ရာများနှင့် ပြန်ရောက်လာသည့်အပြင်  တစ်ဦးမှာ ပျောက်ဆုံးနေသောကြောင့် ထောင်တွင်းဆန္ဒပြမှု ဖြစ်ခဲ့သည်ဟု အကျဉ်းထောင်ဝန်ထမ်း အချို့က ပြောသည်။

ထောင်တွင်းဆန္ဒပြသည့်နေ့မှ စတင်၍ ထောင်ဝင်စာပေးပို့မှုကို ၆ လခန့် ရပ်ထားခဲ့ရာ အစားအသောက်နှင့် ဆေး ဝါးများ အခက်အခဲ ကြုံခဲ့ရသည်ဟု ထောင်မှ လွတ်မြောက်လာသူတစ်ဦး ကပြောသည်။

ထောင်မှ လွတ်လာသူတစ်ဦးက “၈ ယောက်ကိုတော့ ခေါင်းဆောင်တွေဆိုပြီး အဲဒီနေ့ထဲက တိုက်ပိတ်ခံရတာ/ ကျန်တဲ့သူတွေကိုတော့ သံခြေကျင်းနဲ့ ထောက်တွေ ခတ်ထားထားတယ်” ဟု ပြောသည်။

ထိုအကျဉ်းသားများကို ပေ ၄၀ ခန့်ရှိ အခန်းတစ်ထဲတွင် စုပေါင်းထားရှိပြီး ရေချိုးချိန် မိနစ် ၃၀ ခန့်သာ အခန်း ပြင်ပသို့ ထွက်ခွင့်ပေးသည်ဟု ထောင်ဝန်ထမ်းများနှင့် နီးစပ်သူ အချို့က ပြောသည်။

ထောင်တွင်း ဆန္ဒပြပြီးနောက်ပိုင်း အကျဉ်းသား နှစ်ဦး (သို့မဟုတ်) သုံးဦးကို ညစဉ် ခေါ်ထုတ်၍ ရိုက်နှက် ညှဉ်း ပန်းမှုများကို ငါးလခန့်ကြာမြင့်သည် အထိ ထောင်ဝန်ထမ်းများက နိုင်/ကျဉ်းများအပေါ် အငြိုးထား လုပ်ခဲ့သည် ဟု လွတ်ရက်စေ့ လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

နိုင်/ကျဉ်းမိသားစုဝင်များနှင့်နီးစပ်သူ တစ်ဦးက “အဲဒီ ပြဿနာ ဖြစ်ပြီးထဲက မိသားစုတွေဆီကို ဖုန်းနဲ့ငွေတောင်း တယ် အကြောင်းအမျိုးနဲ့ပေါ့။ အရေးအကြီး ဆုံး က ထောင်ပြောင်းမပါချင်ရင် ဘယ်လောက်ပေးရမယ်ပေါ့ အတော်များများဆီမှာ တောင်းတာ” ဟု ပြောသည်။

ပုသိမ်ထောင်တွင်း အဓိကရုဏ်းအား စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင် ဟောင်း နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး (ခ) ရာစု သေဆုံးခဲ့ကာ အခြားအကျဉ်းသားပေါင်း ၆၄ ဦး မှာ ဒဏ်ရာများ ရရှိခဲ့ကြသည်။

ထိုအပြင် အကျဉ်းထောင် ဝန်ထမ်းများ၏ ညှင်းပန်းနှိပ်စက် ရိုက်နှက်မှုများကြောင့် ကိုမဲကြီး၊ ကိုဖိုးလပြည့်၊ ကိုစည်သူအောင်၊ ကိုညီထွန်းတို့ အပါအဝင် နိုင်ကျဉ်းအားလုံး ဒဏ်ရာကိုယ်စီ ရရှိထားခဲ့ကြပြီး ကိုဝင်းထွန်းနိုင်မှာ သွားများကျိုး၍ နားလည်းလေးသွားခဲ့သည့်အပြင် ဦးဇော်ထိုက်ဆိုသူမှာမူ နားလုံးဝ မကြားရတော့ဘူးဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...