ရခိုင်လူမျိုး သိပ္ပံပညာရှင် ဦးဆောင်သည့်အဖွဲ့က အက်တမ်တစ်လုံးချင်းစီ၏ X Ray ပုံရိပ်ကို ရယူနိုင်သည့် နည်းပညာအသစ်အား ရှာဖွေတွေ့ရှိ

ရခိုင်လူမျိုး သိပ္ပံပညာရှင် ဦးဆောင်သည့်အဖွဲ့က အက်တမ်တစ်လုံးချင်းစီ၏ X Ray ပုံရိပ်ကို ရယူနိုင်သည့် နည်းပညာအသစ်အား ရှာဖွေတွေ့ရှိ
Photo – MASES
Photo – MASES

ရခိုင်လူမျိုး သိပ္ပံပညာရှင် ဒေါက်တာစောဝေလှ ခေါင်းဆောင်သည့် သိပ္ပံပညာရှင်အဖွဲ့က ကမ္ဘာ့ပထမဆုံး အက် တမ်တစ်လုံးချင်းစီ၏ X Ray ပုံရိပ်ကို ရယူနိုင်သည့် နည်းပညာအသစ်အား ရှာဖွေတွေ့ရှိပြီဟု မြန်မာနိုင်ငံ နက္ခတ္တ ဗေဒနှင့် သိပ္ပံဝါသနာရှင်များအသင်း (Myanmar Astronomy and Science Enthusiasts Society-MASES)က ထုတ် ပြန်သည်။

ဒေါက်တာစောဝေလှခေါင်းဆောင်ပါဝင်သည့် အမေရိကန်နိုင်ငံ အိုဟိုင်းအိုတက္ကသိုလ်မှ သိပ္ပံပညာရှင်အဖွဲ့က ယခုကဲ့သို့ တွေ့ရှိခဲ့မှုကြောင့် အက်တမ် တစ်လုံးချင်းစီ၏ ဂုဏ်သတ္တိများကို အသေးစိတ် လေ့လာနိုင်လာတော့ မည် ဖြစ်ပြီး နောင်အနာဂတ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာဘာသာရပ်နဲ့ ဆေးသိပ္ပံပညာရပ်များ တွင် များစွာအထောက်အကူပြုနိုင်မည်ဟုလည်း MASES အသင်း၏ ဇူလိုင်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လက်ရှိကုသရန်ခက်ခဲသော ရောဂါများအတွက် ကုသနည်း အသစ်တွေ ရှာဖွေလာနိုင်တော့မှာဖြစ်ပြီး လူသား မျိုးနွယ်အတွက် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်စေလာမှာဖြစ်ပါတယ်” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

X Ray ကို ၁၈၉၅ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည်မှ အစပြု၍ နှစ်ပေါင်းများစွာကြာအောင် X Ray အား အသုံးပြု လို ပါက အက်တမ် အမြောက်အမြားပါရှိသည့် အရာတ္ထုများကိုသာ စူးစမ်းအသုံးပြုနိုင်ခဲ့ကြသည်။

ယင်းကြောင့် အက်တမ်အနည်းငယ်စီကို X Ray အသုံးပြု စူးစမ်းနိုင်ရန်အတွက် သိပ္ပံပညာရှင်များက ကြိုးစားလာ ခဲ့ကြသည်မှာ နှစ်ကာလ အတော်ကြာမြင့်နေခဲ့ပြီ ဖြစ်ပြီး ယခုမှ ဒေါက်တာစောဝေလှ ဦးဆောင်သည့် သိပ္ပံ ပညာရှင် အဖွဲ့က ကမ္ဘာ့ပထမဆုံး ရှာဖွေတွေ့ရှိခြင်း ဖြစ်သည်။

ယခုတွေ့ရှိမှုကို လုပ်ဆောင်သည့် သိပ္ပံပညာရှင်အဖွဲ့တွင် မြန်မာလူမျိုး ၂ ဦးပါဝင်သည်။

၎င်းတို့မှာ အဖွဲ့ခေါင်းဆောင်ဖြစ်သည့် အိုဟိုင်းအိုတက္ကသိုလ်မှ ရူပဗေဒနှင့် နက္ခတ္တဗေဒပညာဌာန၏ ပရော်ဖက် ဆာတစ်ဦး ဖြစ်သော ဒေါက်တာ စောဝေလှနှင့် Postdoc ပညာရှင် ဦးကျော်ဇင်လတ်တို့ ဖြစ်ကြသည်ဟု ဆိုသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...