ဟင်္သာတက CDM ကျောင်းဆရာမ အကြမ်းဖက် ပုဒ်မဖြင့် အမှုဖွင့်ခံရ

ဟင်္သာတက CDM ကျောင်းဆရာမ အကြမ်းဖက် ပုဒ်မဖြင့် အမှုဖွင့်ခံရ

ဟင်္သာတက CDM ကျောင်းဆရာမတစ်ဦး နှင့် အမျိုးသား ၅ ဦးတို့ အကြမ်းဖက် ဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံရ သည် ဟု နီးစပ်သူများက ပြောသည်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်အတွင်းက CDM ကျောင်းဆရာမ တစ်ဦး နှင့် အမျိုးသား ၅ ဦး ကို စစ်ကောင်စီ တပ်က ဖမ်းဆီးပြီး အကြမ်းဖက် ပုဒ်မ ၅၂ အပြင် ပုဒ်မ ၅၀၅-က တို့ဖြင့် အမှုဖွင့်လိုက်သည် ဟု နီးစပ်သူ ဒေသခံ များက ပြောသည်။

ဖမ်းဆီးခံထားရသော မိသားစု နှင့် နီးစပ်သူတစ်ဦးက “ပြည်သူကို အကြမ်းဖက် ရိုက်နှက် အတင်းဝင်ဖမ်းပြီး အကြမ်းဖက် ပုဒ်မ အပါအဝင် နိုင်ငံရေး ပုဒ်ထီး ပုဒ်မတွေ တပ်ပြီး အမှုဖွင့်ထားတယ်“ ဟု ပြောသည်။

ဟင်္သာတမြို့နယ် နတ်မော်ကျေးရွာက အသက် ၂၆ နှစ် အရွယ်ရှိ CDM ဆရာမ ဒေါ်နွယ်နွယ်ဦးနှင့် ကိုင်းတောကွင်း ကျေးရွာမှ အသက် ၅၈ နှစ်အရွယ်ရှိ NLD ပါတီ ရပ်ကျေးအဖွဲ့ဝင် ဦးကျော်ဆိုသူတို့ကို ဇွန်လ ၂၂ ရက်နေ့က ကျေး ရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်ကာ ဖမ်းဆီးခဲ့ပြီး ဇွန်လ ၂၄ ရက်နေ့က ရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် သိမ်ကုန်းကျေးရွာက အသက် ၂၅ နှစ်အရွယ် အမျိုးသားလူငယ် ၂ ဦး၊ ကွမ်းခြံကုန်းကျေးက အသက် ၂၅ နှစ်အရွယ် နှင့် အသက် ၂၂ နှစ်အရွယ် အမျိုးသားလူငယ် ၂  ဦးတို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ က ဇွန် ၂၃ ရက်နေ့ တွင် ဖမ်းဆီးပြီး ဇွန်လ ၂၄ ရက်နေ့မှာပဲ အမှုဖွင့်လိုက်ခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက “စစ်တပ်က ရဲစခန်းမှာ အမှု ဖွင့်ထားပေမယ့် ဖမ်းထားတဲ့ သူတွေကို ရဲစခန်းကို မပို့သေးပါဘူး။ တပ်စစ်ကြောရေးမှာ စစ်ဆေး နေတုန်းပါ သူတို့ (စစ်တပ်)က စစ်ဆေးလို့ ပြီးလို့မှ ရဲစခန်းကို ပို့ ကြတာ” ဟု ပြောသည်။

အင်အား ၃၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပျူစောထီးများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ကျေးရွာကို ပိတ်ဆို့ စီးနင်းပြီး ဖမ်းဆီးရိုက်နှက်ကြရာ အဖမ်းခံရသူများမှာ ဒဏ်ရာများ ကိုယ်စီ ရရှိသွားကြသည်။

ဇွန်လ ၂၈ ရက်နေ့ အချိန်ထိ ခလရ ၁၈ တပ်ထဲတွင် ဆက်လက်စစ်ဆေးနေသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြ သည်။

အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ၏ စစ်ဆင်ရေးများ ဧရာဝတီတိုင်းအတွင်း ထိုးဖောက်လာမည့် သတင်း အချို့ ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့လာပြီးနောက် စစ်ကောင်စီက လုံခြုံရေး ပိုမိုတင်းကြပ်ထားပြီး ဖမ်းဆီးစစ်ဆေး ငွေညှစ်မှုများလည်း ရှိနေသည်ဟု ဒေသခံ သတင်းအရင်းအမြစ်များက ဆိုသည်။

အနောက်ရိုးမနှင့် တဆက်တည်း ရှိနေသော ဟင်္သာတခရိုင်က လေးမျက်နှာ၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူမြို့နယ်၊ ကျုံပျော်ခရိုင် ရေကြည်၊ ငသိုင်းချောင်းနှင့် ပုသိမ်ခရိုင်ထဲက ပုသိမ်၊ ချောင်းသာ၊ သာပေါင်း၊ ငပုတော မြို့နယ်များ အတွင်းရှိ တောတောင်များထဲ စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးကာ နယ်မြေ စိုးမိုးရေး  လုပ်နေ သည်ဟု ဒေသခံများက ဆိုသည်။

ဓါတ်ပုံ - (SHRF) လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မဘိမ်းမြို့နယ် ရပ်ကွက် ၃ ရှိ ဆေးရုံ အဆောက်အအုံ
August 13, 2026
မိုးမိတ်တွင် စစ်တပ်ထိုးစစ်ကို KIA ကြားဖြတ်တိုက်၊ ရေကြီးနေသည့် မဘိမ်းကို စစ်တပ် ဗုံးကြဲ...
August 13, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်၊ ပလက်ဝခရိုင်၊ ဆမီးမြို့ပေါ်ကို...
ဓါတ်ပုံ - Crd (ပုံဟောင်း)
August 13, 2026
တရုတ်၏ ဖိအားပေးမှုကြောင့် မြန်မာ - တရုတ် နယ်စပ်အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့်...
ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
August 13, 2026
ရေဘေးနှင့် စစ်ဘေး အလူးအလဲခံနေရသည့် မြန်မာနိုင်ငံအထက်ပိုင်းတွင် ရေဘေးကြောင့် သေဆုံးသူ ၂၅ ဦး အထိ...