စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပိုင်ရှင်မဲ့ အလောင်း ၃၀ ထက်မနည်းတွေ့ရှိ

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပိုင်ရှင်မဲ့ အလောင်း ၃၀ ထက်မနည်းတွေ့ရှိ
သျှမ်းပြည်တွင်းပိုင်ရှင်မဲ့အလောင်း
သျှမ်းပြည်တွင်းပိုင်ရှင်မဲ့အလောင်း

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်း ပိုင်ရှင်မဲ့ အလောင်းများ များပြားလာပြီး ၂ နှစ်ကျော် ကာလအတွင်း အလောင်း ၃၀ ထက်မနည်း ရှိခဲ့သည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်အထိ သျှမ်းပြည် နယ်အတွင်း ပိုင်ရှင်မဲ့ အလောင်း ၃၀ ထက်မနည်း သေဆုံးနေသည်ဟု ပရဟိတအဖွဲ့များ နှင့် သျှမ်းသံတော်ဆင့်မှ ကောက်ယူထားသည့် အချက်အလက်အရ သိရသည်။

ယခုနှစ် ၂၀၂၃ ဇန်နဝါရီလ မှ ဇွန်လအထိ သိန္နီမြို့နယ် အတွင်း ပိုင်ရှင်မဲ့အလောင်း ၇ ဦး ထက်မနည်း ကူညီ သင်္ဂြိုလ်ပေးခဲ့ရသည်ဟု  ကူညီပေးနေသူတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး က “၂၀၂၁ ကနေ ၂၀၂၃ ဆိုတော့၊ ၂၀၂၁ နဲ့  ၂၀၂၂ က သူက ကိုဗစ် - ၁၉ ကြောင့်ဆိုတော့ အဲ့လောက်ကြီးကြတော့မရှိဘူး။ ၂၀၂၃ မှာကြတော့ ၇ ယောက် ၈ ယောက်လောက် ရှိတယ် ဗျ။ သူတို့ ဘိန်းစားတွေဆိုတော့ အာဟာရပျက်တာဖြစ်မယ်၊ မူးယစ်ဆေး အလွန်အကျွံ သုံးဆွဲတာကြောင့် ပေါ့ နော်” ဟု ပြောသည်။

သေဆုံးသူ အများစုသည် အိမ်ခြေရာမဲ့သူ အများအပြား ဖြစ်ကြပြီး ထိုသူများသည် မူးယစ်ဆေးဝါး သုံးစွဲသူများ ဖြစ်ကြသည်။

စစ်အာဏာသိမ်းသည့် ၂ နှစ်ကျော် ကာလထဲ သျှမ်းပြည်၏ မြို့တော် တောင်ကြီးမြို့ အပါအဝင် အောင်ပန်း၊ ပင်လုံ၊ နမ့်စန် စသည့်မြို့နယ်များ အပြင် လားရှိုး၊ သိန္နီ၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ မြို့နယ်များ ဘက်မှလည်း ပိုင်ရှင်မဲ့အလောင်း အများဆုံး တွေ့ရှိကြောင်း ဒေသတွင်း လူမှုကူညီရေး အသင်းအဖွဲ့ တာဝန်ရှိ သူများက ပြောသည်။

သျှမ်းသံတော်ဆင့်မှ ပြုစုထားသော မှတ်တမ်းများအရ မူဆယ်မြို့နယ်တွင် ၁၅ ဦး၊ သိန္နီမြို့  ၇ ဦး၊ လားရှိုးမြို့ ၄ ဦး၊ တောင်ကြီးမြို့  ၂ ဦး၊ ကျောက်မဲမြို့  ၂ ဦးနှင့် နမ့်ခမ်းမြို့ ၁ ဦး  စသည့် မြို့များမှ ပိုင်ရှင်မဲ့ အလောင်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Most read this week

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...