၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ဗန်းမောက်မြို့ပေါ်က စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဥ်နေ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ဗန်းမောက်မြို့ပေါ်က စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဥ်နေ

စစ်ရေးတင်းမာမှုတွေကြောင့် ဗန်းမောက်မြို့နယ် တစ်ခုလုံးရှိ စာသင်ကျောင်းတွေ ပိတ်ထားရပြီး လက်ရှိ  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ဗန်းမောက်မြို့ပေါ်က စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဥ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှာ ကျောင်းအပ် စတင်လက်ခံခဲ့ပြီး ကျောင်းသားအရေအတွက်ပေါ် မူတည်ပြီး တော့ မြို့ပေါ်က စာသင်ကျောင်းတွေကို ဖွင့်လှစ်သွားမယ်လို့ ကျောင်းသားမိဘတစ်ဦးက ရှမ်းနီအသံကို ပြောပါ တယ်။

“အောင်သာကုန်းမှာ အားလုံး စုပြီးတော့ လက်ခံတာပ။ အောင်သာကုန်းနဲ့ မြို့မနဲ့ အရင်ဆုံးဖွင့်မှာ ကျောင်းအပ်ပြီး တော့။ အောင်သာကုန်းနဲ့ မြို့မက လူဦးရေပြည့်သွားပြီ ဆိုလို့ရှိရင် လွှစင်ကုန်းနဲ့ အထက ဖွင့်မှာ” ကျောင်းသား မိဘတစ်ဦးက ပြောပါတယ်။

ဗန်းမောက်မြို့နယ်က စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးမှာ ပါဝင်နေတဲ့ နောက်ထပ် ကျောင်းသားမိဘ တစ်ဦးက လုံခြုံရေးပေးနိုင်တဲ့ အပေါ်မှာ မူတည်ပြီးတော့ စာသင်ကျောင်းများ တိုးဖွင့်သွားဖို့ ရှိတယ်လို့ ပြောပြ လာပါတယ်။

ကျောင်းဖွင့်လှစ်ရေးမှာ ပါဝင်နေတဲ့ ကျောင်းသားမိဘတစ်ဦးက “အေး တဖြည်းဖြည်းနဲ့တော့ အဲ့လို တိုးသွားမှာ ပါ့အေး။ လုံခြုံရေးအရပါ့အေး” လို့ ပြောပါတယ်။

ဗန်းမောက်မြို့နယ်က အခြေခံပညာကျောင်းများ ဖွင့်လှစ်တာဟာ တိုင်းပညာရေးရုံးရဲ့ ညွန်ကြားချက်ကြောင့် ဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေ သိရှိရပါတယ်။

ဇွန်လ ၂၀ ရက်နေ့က ရရှိထားတဲ့ သတင်းအရ ကျောင်းလာအပ်တဲ့ ကျောင်းသားအရေအတွက် က တစ်ရာကျော် ရှိတယလို့ဆိုပါတယ်။

ဗန်းမောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့်  ကျောင်းများပိတ်ထားရပြီး ကျောင်းသား/သူ တချို့က ဗန်းမောက်မြို့နယ် နီးစပ်သည့် မြို့နယ်နဲ့ မြို့ကြီးတွေမှာ သွားရောက် ပညာသင်ကြားနေကြရတာလည်း ဖြစ်ပါတယ်။

ရှမ်းနီအသံက စုံစမ်းသိရှိထားမှုအရ အလယ်ရွာနဲ့ ကံရွာ နှစ်ရွာတည်းမှာတင် မြို့နယ်ပြင်ပမှာ ကျောင်းသွား ထားကြတဲ့ ကျောင်းသားအရေအတွက်က နှစ်ရာကျော်တယ် ရှိနေပါတယ်။

ဗန်းမောက်မြို့နယ်အတွင်းမှာ  အခြေခံပညာကျောင်း (၂၈၆) ကျောင်းရှိပြီး နှစ်စဉ် မူလတန်းမှ အထက်တန်းအထိ ကျောင်းသူကျောင်းသား နှစ်သောင်းခုနှစ်ထောင်ကျော် ပညာသင်ကြားတာလည်း ဖြစ်ပါတယ်။

Most read this week

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...