ကန့်ဘလူမြို့နယ် ဆေးကုသမှု လက်လှမ်းမမီသော နေရာများတွင် မြွေဆိုးကိုက်ခံရသူ များပြားနေ၊

ကန့်ဘလူမြို့နယ် ဆေးကုသမှု လက်လှမ်းမမီသော နေရာများတွင် မြွေဆိုးကိုက်ခံရသူ များပြားနေ၊

စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်တွင် မြွေဆိုးကိုက်ခံရသူ ၈၀ ဦးရှိလာပြီး သေဆုံးသူ ၆ ဦးရှိခဲ့ပြီး မြွေဆိပ်ဖြေဆေးများလည်း လိုအပ်နေသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာ ဝန်ရှိသူက ပြောသည်။

မြွေကိုက်ခံရသည့် စစ်ဘေးရှောင်ပြည်သူများထဲတွင် အသက် ၈ နှစ်စတင်၍ အသက် ၆၁ အထိ ပါဝင်နေပြီး ယခု ဇွန်လ ပထမ နှစ်ပတ်အတွင်း တစ်ရက်လျှင် တစ်ဦးနှုန်းဖြင့် ကိုက်ခံနေရခြင်း ဖြစ်သည်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက “ကျနော် သိသလောက်တော့ မြွေဆိုးကိုက်ခံရ တဲ့ လူနာက မီဒီယာနဲ့ မချိတ်ဆက်မိလို့လား ဘာလား တိတိကျကျ မပြောနိုင်ဘူး။ ဒါပေမဲ့ ကန့်ဘလူ ခရိုင်ထဲမှာ ပေါ့ မြွေဆိုးကိုက်ခံရတဲ့ဟာက တော်တော်ကို များနေတယ်။ စစ်ကိုင်းတိုင်းထဲမှာ ဆိုလည်း ကန့်ဘလူခရိုင်က လွဲ ပြီး သိပ်မတွေ့ရသလောက်ပဲ။ မြွေဆိုးကိုက်လူနာက ကန့်ဘလူခရိုင်ထဲမှာပဲ ဖြစ်နေတယ်လို့ သိနေတယ်။ ဘယ် နယ်ကမှ ဒီလောက် ဆိုးဆိုးရွားရွား တက်လာတာ မရှိဘူး” ဟု ပြောသည်။

ကန့်ဘလူခရိုင်ရှိ ကိုးထောင်ဘို့၊ ချပ်သင်း၊ ပင့်သာတိုက်နယ် စသည့် ကျေးရွာတို့ရှိ ပြည်သူများသည် စစ်ကောင်စီ တပ်နှင့် ပျူစောထီးအဖွဲ့တို့၏ ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုကြောင့် တောထဲတွင် စစ်ရှောင်နေကြရပြီး မေလ အတွင်း စစ်ရှောင်သူ ၅ သောင်းရှိကြောင်း ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန်ထား သည်။

ထိုဒေသတွင် မြေပွေးနှင့် မြွေဟောက်တို့ အပေါဆုံးဖြစ်ပြီး မြွေကိုခံရသူ လူနာများအတွက် ကျွမ်းကျင် ဆရာဝန် နှင့် ဆေးဝါးများ အဓိကလိုအပ်နေသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ဆက်ပြောသည်။

“တကယ်တမ်းတော့ ပွင့်ပွင့်လင်းလင်း ပြောကြကြေးဆို ဆရာဝန်မရှိဘူးပေါ့။ ဒီ CDM ကျန်းမာရေး ဝန် ထမ်းတွေတော့ ရှိတယ်။ ဒါတွေကလည်း ဒီမြွေကိုက်လူနာကို မြွေကိုလူနာ ကုပေးတာမျိုးတွေ မရှိဘူး။ တကယ်ကျွမ်းကျင် ဆရာဝန်မရှိဘဲနဲ့ ကျနော်တို့ ဘယ်လိုခေါ်မလဲ အရပ်ဆရာဝန် ခေါ်ရမလား အဲ့လို ပုံစံ မျိုးနဲ့ပဲ ကုပေးနေရတယ်။ ဆေးဝါးလုံလောက်မှုက လိုတာတော့ လိုမယ်လို ယူဆတယ်။ တကယ်လည်း လိုနိုင်ပါတယ် တစ်ရက်ကို တစ်ယောက် နှုန်းဖြစ်နေတဲ့ အနေအထားဆိုတော့လေး” ဟု ပြောသည်။

ကန့်ဘလူခရိုင်တွင် ဇွန်လ ၁၈ ရက်နေ့၌ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၂၈ နှစ်အရွယ် အမျိုးသား တစ်ဦး၊ ဇွန်လ ၁၉ ရက်နေ့တွင် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးတို့ အပါအဝင် ဇွန်လ ၂၀ ရက်နေ့ (ယမန် နေ့) တွင် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးတို့ သုံးရက်ဆက်တိုက် မြွေဆိုးကိုက်ခံခဲ့ရသည်။

မြွေကိုက်ခံရမှုနှုန်း ပိုတိုးလာ၍ မြွေဆိပ်ဖြေဆေးဖြစ်သည့် BPI ဆေးဝါးများ လိုအပ်နေပြီး မြွေကိုက်ခံရပါက လူနာတစ်ဦးလျှင် BPI လေးလုံးအထိ ထိုးပေးနေရကြောင်း ကျွန်းလှ-ကန့်ဘလူဒေသအတွင်း စစ်ရှောင်များကို ကူညီပေးနေသူက ပြောသည်။

“ဒီတိုက်နယ်တွေက မြွေဆိုးအကိုက်ခံရတာ များလာခါကျတော့ ပြည်သူကနေပြည်သူချင်း ကူညီပေးကြဖို့လေ။ တစ်ပူပေါ် တစ်ပူဆင့်ဆိုတော့ ဒီကိစ္စလေးကို ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်ဒီ NUG အောက်က ကျန်းမာ ရေးကနေပေးတဲ့ ဆေးခွဲတန်းတွေ ဘာတွေရမယ်လို့ မျှော်လင့်တာပေါ့လေ။ အရင်လတွေတော့ ရတယ်လို့သိ ထားတယ်။ ဒီနောက်ပိုင်းရမရဆိုတာတော့ ချိတ်ဆက်ပြီးမေးကြည့်မှ သိမယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ် ယခုနှစ်၊ ဇွန်လ ပထမနှစ်ပတ်အတွင်း မြွေကိုက်ခံရသူ ၁၁ ဦးရှိခဲ့ရာ ၎င်းတို့မှာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၅ ဦးတို့ရှိတို့ဖြစ်ကြသည်။

ယခုမြေကိုက်ခံရသူများထဲတွင် မေလအတွင်း ကျွန်းလှ၊ ကန့်ဘလူခရိုင်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဘေးလွတ်ရာ တောထဲကို ထွက်ပြေးတိမ်းရှောင်နေရကြရသည့် စစ်ရှောင်ပြည်သူ ၅ သောင်းကျော်ထဲ ပြည်သူများ ဖြစ်ကြသည်။

ကွန်းလှ-ကန့်ဘလူဒေသအတွင်းရှိ ပြည်သူများသည် စစ်ကောင်စီတပ်၏ ပစ်ခတ်ဖမ်းဆီးမှုများ၊ ရိုက်နှက်နှိပ်စက် ခံရမှုများ၊ ကျေးရွာမီးရှို့ခံရမှုများအပြင် လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ခံရမှုများကြောင့် မီးဘေး၊ စစ်ဘေး ဒုက္ခသည်များ ဖြစ်နေကြပြီး လက်ရှိတွင် မမြင်ရသည့် မြွေဆိုးဘွေးအန္တရာယ်နှင့်ပါ ရင်ဆိုင်နေကြရသည်။

February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...
January 30, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဦးဆောင်မှု အသစ်ဖွဲ့စည်းရာတွင် မျိုးဆက်သစ်လူငယ်နှင့်...