ကိန္နရီပညာရေးစင်တာရဲ့ သက်မွေးသင်တန်းအတွက် သင်တန်းသား (၄၀) ခေါ်ယူနေ

ကိန္နရီပညာရေးစင်တာရဲ့ သက်မွေးသင်တန်းအတွက် သင်တန်းသား (၄၀) ခေါ်ယူနေ

ကရင်နီပြည်၊ မြေပြင်တစ်နေရာမှာ ကိန္နရီပညာရေး စင်တာကနေ ဖွင့်လှစ်ပေးမည့် သက်မွေး သင်တန်းအတွက် သင်တန်းသား ခေါ်ယူနေပါတယ်။

အဆိုပါ သက်မွေး သင်တန်းမှာတော့ ကွန်ပျူတာသင်တန်း ၊အခြေခံစက်ချုပ်သင်တန်း နဲ့ ဂီတာသင်တန်း ဆိုပြီး သင်တန်း ၃ မျိုးကို သင်ကြားပို့ချသွားမှာ ဖြစ်တယ်လို့ ကိန္နရီပညာရေးစင်တာ၊ သင်တန်းရဲ့ ကြီးကြပ်သူ ဒေါ်ပန်ပန် က ပြောပါတယ်။

သင်တန်းအမျိုးအစား ၃မျိုး ပို့ချသွားမှာဖြစ်တာကြောင့် သင်တန်းသား စုစုပေါင်း ၄၀ ဦးကို ခေါ်ယူသွားမှာ ဖြစ်တယ်လို့ ဒေါ်ပန်ပန်က ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။

“ဒီသက်မွေး သင်တန်း ကတော့ ကျောင်းပြင်ပ လူငယ်တွေအတွက်ဘဲ သီးသန့်ပြင်ဆင်ပေးထားတာပါ။ သင်တန်းသားဦးရေက ၄၀ပါ။ ဂီတာ က ၂၀၊ ကွန်ပျူတာ ၁၀ နဲ့ စက်ချုပ် ၁၀ ဆိုပြီးသတ်မှတ်ထားပါတယ်။” လို့ ဒေါ်ပန်ပန် က ဆိုပါတယ်။

သင်တန်းကိုတော့ အထူးသဖြင့် ကျောင်းပြင်ပရောက်နေတဲ့ လူငယ်တွေကို သက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခု အစပြုနိုင်စေဖို့အတွက် ရည်ရွယ်ထားတာပါ။

သင်တန်းကာလကို မတ်လ ၁၆ ရက်ကနေ မေလ ၁၅ ရက်နေ့ထိ ၂လတိတိ သင်ကြားပို့ချပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သင်တန်းကြေး ကောက်ခံတာမျိုးမရှိပဲ အာမခံကြေးအနေနဲ့ မြန်မာငွေ ကျပ် ၁ သိန်း ပေးသွင်းရမှာဖြစ်ကာ သင်တန်းပြီးဆုံးချိန်မှာ ပြန်လည်ပေးအပ်သွားမှာဖြစ်တယ်လို့လည်း သင်တန်းကြီးကြပ်သူက ဖြည့်စွက်ပြောဆိုထားပါတယ်။

သင်တန်းပို့ချမည့်နေရာမှာ အမျိုးသားတွေ နေထိုင်ဖို့အတွက်သာ အဆောင်ရှိတဲ့အတွက် အမျိုးသား (သင်တန်းသား)တွေကို အဆောင်နေလက်ခံဖို့ လျာထားပြီး အမျိုးသမီးတွေအတွက် အဆောင်နေဖို့ အခက်ခဲရှိနေသေးတယ်လို့ သင်တန်းကြီးကြပ်သူ ဒေါ်ပန်ပန်က ပြောပါတယ်။ 

ပုံဟောင်းအသုံးပြုထားသည်
March 26, 2026
ကရင်နီပြည်တွင်းက မြို့နယ်တရားရုံး အမှတ် (၄) နယ်မြေဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းနဲ့...
March 25, 2026
စောအယ်ကညော — မိုးတိမ်တွေ အုံ့မှိုင်းနေတဲ့ ကောင်းကင်ကြီးအောက်မှာ ထွန်စက်တွေနဲ့...
March 25, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသမှာ ခဲဝယ်ယူသူတွေ နည်းပါးလာတာကြောင့် ခဲတွေကို...
ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ KTV ( ကာရာအိုကေဆိုင် ) တနေရာကို တွေ့ရစဥ် ( ဓာတ်ပို့-CJ )
March 24, 2026
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ဖွင့်လှစ်ထားကြတဲ့ KTV (...