KEAN က "ကျွန်ုပ်တို့မျိုးစေ့၊ ကျွန်ုပ်တို့အစားအစာ၊ ကျွန်ုပ်တို့အနာဂတ်" ဆွေးနွေးပွဲပြုလုပ်

KEAN က "ကျွန်ုပ်တို့မျိုးစေ့၊ ကျွန်ုပ်တို့အစားအစာ၊ ကျွန်ုပ်တို့အနာဂတ်" ဆွေးနွေးပွဲပြုလုပ်

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက လွိုင်နန်းဖမြို့နယ်မှာ Kayah Earthrights Action Network (KEAN) ကနေ ဦးဆောင်ပြီး "ကျွန်ုပ်တို့ မျိုးစေ့၊ ကျွန်ုပ်တို့ အစားအစာ၊ ကျွန်ုပ်တို့အနာဂတ်ဆိုင်ရာ" အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီလ (၃၁)ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

" အစားအစာအချုပ်အခြာ အာဏာမှာ အားကောင်းရေးက ပြည်နယ်အနှံ့မှာ ပေါ်လာဖို့ ပြီးတော့ အချုပ်အခြာ အားကောင်းရေးအတွက် အလွှာလိုက် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့။ အောက်ခြေက ပြည်သူတွေအနေနဲ့ကတော့ ကိုယ့်ရဲ့ဒေသမျိုးစေ့တွေကို ကိုယ်တိုင်ပြန်ထိန်းသိမ်းနိုင်ဖို့ အနေအထားတွေ အားကောင်းလာဖို့ ရည်ရွယ်ချက်လေးနဲ့ လုပ်ရခြင်းဖြစ်တယ်ပေါ့။" လို့ KEAN ရဲ့လက်ထောက်ညှိနှိုင်းရေးမှုး ကိုစိုးမိုး ကပြောပါတယ်။

KEAN အနေနဲ့ လက်ရှိမှာ မြေယာကိစ္စတွေ၊ သစ်တော၊ သံယံဇာတ၊ ရာသီတု၊ တရားမျှတမှုဆိုင်ရာတွေနဲ့ ကျေးရွာတွေအတွက် ဒေသမျိုးစေ့ ထောက်ပံ့လမ်းညွှန်တာတွေလည်း လုပ်ဆောင်ပေးနေတယ်လို့ သူကဆက်ပြောပါတယ်။

"KEAN လည်း တတ်နိုင်တဲ့ဖက် သူတို့လုပ်ဆောင်လာတာ တိုးတက်မှုရှိတဲ့ အခြေနေတခုကို မြင်တယ်ပေါ့နော်။ တိုးတက်မှုပိုရှိလာတယ်။ လူထုတွေလဲ ပိုပြီးတော့မှ သတိမူလာတယ်ပေါ့။ မျိုးစေ့ မျိုးဆံ ထိန်းသိမ်းရမယ့်အပိုင်းတို့ ဘာတို့ဆိုရင် အရင်တုန်းကလို သတိမထားကြဘူးလေ။ ခုဆိုရင် ပြန်လည်ထိန်းသိမ်းရမယ်ဆိုတဲ့ အသိစိတ် တစ်ခုလဲ လူထုတိုင်းမှာတိုးတက်လာတယ်လို့ ကျနော်မြင်တယ်"လို့ လွိုင်နန်းဖမြို့နယ် ပူးပေါင်း အုပ်ချုပ်ရေး အဖွဲ့ဝင် ခွန်းအယ်မူး က ဆိုပါတယ်။

အဆိုပါ "ကျွန်ုပ်တို့မျိုးစေ့၊ ကျွန်ုပ်တို့အစားအစာ၊ ကျွန်ုပ်တို့အနာဂတ်" အလုပ်ရုံဆွေးနွေးပွဲကို ကျေးရွာ (၂၅) ရွာက ကိုယ်စားလှယ်တွေ ၊ IEC စိုက်ပျိုးရေးဌာန တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ 

အဲဒီဆွေးနွေးပွဲမှာတော့ ဒေသတွင်း မျိုးစေ့အရေးပါပုံ ၊ တည်ရှိမှုအနေအထား ၊ ဒေသမျိုးစေ့ နဲ့ ပြင်ပမျိုးစေ့အားသာချက် အားနည်းချက်တွေကို မျှဝေတာ အပြင် ဆွေးနွေးပွဲစကားဝိုင်းတရပ်ကိုလည်း ထည့်သွင်းပြုလုပ်သွားပါတယ်။

ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )

ဓါတ်ပုံ - ကန္တာရ၀တီတိုင်း (မ်)
April 11, 2026
ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ ( ၂၆ ) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို...
April 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသတွေမှာ ဓာတ်ဆီတစ်လီတာကို နှစ်သောင်းကျပ်အထိ...
April 9, 2026
လောင်စာဆီ ချွေတာရေးအစီအမံအတွက် စက်သုံးဆီတင်သွင်းသယ်ယူမှု အခွန်ကင်းလွတ်ခွင့်ကို...
April 8, 2026
စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ သတင်းရယူနေတဲ့ အမျိုးသမီးသတင်းထောက်တွေ အထူးသဖြင့်...