ထိုင်းနယ်စပ်လမ်းကြောင်းကို ယာယီ သွားလာခြင်းမပြုရန် ကာကွယ်ရေးအဖွဲ့ မေတ္တာရပ်ခံ

ထိုင်းနယ်စပ်လမ်းကြောင်းကို ယာယီ သွားလာခြင်းမပြုရန် ကာကွယ်ရေးအဖွဲ့ မေတ္တာရပ်ခံ

တိုက်ပွဲများနေ့စဉ်ဖြစ်ပေါ်နေသည့် ထိုင်းနယ်စပ်လမ်းကြောင်းဖြစ်သည့် ထုံခါ - မောတောင် လမ်းပိုင်းကို ယာယီဖြတ်သန်းခြင်း မပြုကြရန် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

တနင်္သာရီမြို့နယ် အတွင်းရှိ ထုံခါ - မောတောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များအကြား နှစ်လကျော်အကြာ စစ်ရေးတင်းမာနေပြီး နေ့စဉ်နီးပါးတိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် မတ်လ ကုန်က ထိုသို့ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အသက် ၅၀ခန့်အရွယ် ထုံခါရွာသားတစ်ဦးက “တိုက်ပွဲတွေက လမကုန်ခင် ကတည်းကနေ ဒီကနေ့ထိ ဖြစ်နေ တာ လက်နက်ကြီးသံတွေ လက်နက်ငယ်အသံ တွေ ပစ်လိုက် နားလိုက်နဲ့ နေ့ရောညပါ ပစ်နေကြတာ” ဟု ပြော သည်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တနင်္သာရီ နှင့် ပုလောမြို့နယ်တို့အား စစ်အုပ်ချုပ်ရေး ကြေညာပြီး နောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာနေပြီး နှစ်ဘက်ကြား စစ်ရေးတင်းမာ မှုများ ရှိနေခဲ့ရာမှ ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ဆိုသည်။

စစ်ကောင်စီတပ်မှ နယ်စပ်သို့ သွားသည့်လမ်းပေါ် ဖြတ်သန်းသွားလာနေသည့် ခရီးသွား ပြည်သူများအား အကြောင်းမဲ့ ပစ်ခတ်မှုများပါ ပြုလုပ်ခဲ့သည့်အတွက် ထိခိုက်မှုများလည်း ရှိနေသည်ဟု အဆိုပါ ထုတ်ပြန်ချက် ထဲတွင် ရေးသားထားသည်။

နှစ်ဘက်ကြား စစ်ရေးတင်းမာနေသည့် အပြင် ရှေ့ဆက်တွင် တိုက်ပွဲများလည်း ပြင်းထန်လာနိုင်သည့် အခြေ အနေများ ရှိနေခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ယာယီ ဖြတ်သန်းသွားလာခြင်း ခွင့်မပြုကြောင်းလည်း ထုတ် ပြန်ချက်ထဲ ထည့်သွင်းရေးသားထားသည်။

သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများ က ခွင့်မပြုသေးခင် အချိန်ထိ ထိုင်းနယ်စပ်သွား ထုံခါ -မောတောင် လမ်းပိုင်းကို သွားလာခြင်း မပြုကြရန်ကိုလည်း မေတ္တာရပ်ခံထားသည်။

မတ်လ ၂၉ ရက်နေ့မှ ယနေ့ထိတိုင် ချောင်းနှစ်ပေါက်ကျေးရွာအနီးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ချောင်းနှစ်ပေါက်၊ သိန်ခွန်းနှင့် အင်းတော်ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရသည်။

အဆိုပါ စစ်ရှောင်ပြည်သူများအတွက် ယာယီတဲဆောက်လုပ်ရန် အမိုးအကာအပြင် ဆေးဝါးနှင့် ရိက္ခာများ လို အပ်မှုရှိနေသည်ဟု စစ်ဘေးရှောင်များအား အကူညီပေးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြိတ်မြို့မှ အအေးခန်း ကုန်တင်ကားများဖြင့် ထုံခါ-မောတောင် လမ်းပိုင်းအား အသုံးပြု၍ မောတောင်- စင်ခွန် နယ်စပ်ဂိတ်သို့ ပင်လယ်ရေထွက် ပစ္စည်းများတင်ပို့ရောင်းချလျက် ရှိသည်။

Most read this week

ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...
ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...