လသားကလေးငယ်ကို မိခင်ဖြစ်သူနှင့်အတူ ရဲစခန်းတွင် ဖမ်းဆီးထား

လသားကလေးငယ်ကို မိခင်ဖြစ်သူနှင့်အတူ ရဲစခန်းတွင် ဖမ်းဆီးထား

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံထားရသူ ၁၀ ဦး အနက် ၅ ဦး ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း ၄၅ ရက်သား အရွယ် လသားကလေးငယ်နှင့် မိခင်အပါအဝင် ၄ ဦးကို ဘုတ်ပြင်း မြို့မရဲစခန်းတွင် စစ်ဆေးနေဆဲ ဖြစ် သည်ဟု ဒေသခံများက ပြောသည်။

ကော့သောင်းမှ ဘုတ်ပြင်းမြို့ဘက်သို့ ဆိုင်ကယ်များဖြင့် မောင်းနှင်လာသည့် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး နှင့် ၄၅ ရက်သားအရွယ် ကလေးငယ်တစ်ဦးတို့ကို မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်း ဆီးခဲ့ခြင်း ဖြစ်သည်။

ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက “ကလေးရော မိခင်ပါ ကျန်းမာရေး မကောင်းဘူးလို့တော့ သိထားတယ်။ အသိ အကျွမ်းမရှိတော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများ မောင်းနှင်လာသည့် ဆိုင်ကယ်များနှင့် ဖုန်းများကိုလည်း သိမ်းဆည်းထား သည်။

အလားတူ မတ်လ ကုန်ပိုင်းက ဘုတ်ပြင်းမြို့ပေါ်မှ လင်မယားနှစ်ဦးကိုလည်း နေအိမ်တွင် ရှိနေကြစဉ် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး နောက်တရက်တွင် အမျိုးသား ၄ ဦးကို ထပ်မံဖမ်းဆီးခဲ့ သည်ဟု ဒေသခံများက ပြောသည်။

ထို့နောက် ဖမ်းဆီးခံထားရသူများအနက် အမျိုးသား ၄ ဦး၊ အမျိုးသမီး တစ်ဦးတို့ ၅ဦးအား ခံဝန်ရေးထိုးခိုင်းကာ ပြန်လွှတ်ပေးလိုက်ပြီး ကလေးငယ်နှင့် မိခင် အပါအဝင် ၄ ဦးကိုမူ ဆက် လက် စစ်ဆေးနေသည်ဟု ရဲစခန်းနှင့် နီးစပ်သူများက ဆိုသည်။

ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့၊ မသေကျေးရွာအုပ်စု၊ ဝါးကျွန်းကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ကို ပြည်သူ့ကာကွယ် ရေး ပူးပေါင်းအဖွဲ့က မတ်လ ၂၇ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြားတွင်လည်း စစ်ရေးတင်းမာလျှက်ရှိသည်။

ထိုသို့ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်အဖွဲ့ ပူးပေါင်းတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့ နှစ်ဘက်ကြား စစ်ရေးတင်းမာမှုများ ရှိနေသောကြောင့် လက်ရှိတွင် ဘုတ်ပြင်းမြို့ပေါ် ၌ လုံခြုံလည်း ရေးတိုးမြှင့်ချထားမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

July 4, 2026
 ရှမ်းပြည် တောင်ပိုင်း၊ အောင်ပန်းမြို့၌ ကုန်ကားမောင်းနှင်သူ တစ်ဦးသည်...
July 3, 2026
မြန်မာနိုင်ငံတွင် လျှပ်စစ်မီးမရရှိခြင်းမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း မရှိ၍မဟုတ်ဘဲ...
July 3, 2026
ချင်းပြည်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို...
July 2, 2026
ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးရှိ အောင်မြေသစ် အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် Grade 12...