PPST အဖွဲ့ဝင် ဖြစ်သည့် RCSS နှင့် PNLA က မောက်မယ်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်

PPST အဖွဲ့ဝင် ဖြစ်သည့် RCSS နှင့် PNLA က မောက်မယ်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ၏ အဖွဲ့ဝင်ဖြစ်သည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ကြောင်းစုံစမ်းသိရသည်။

ယနေ့ (မတ်လ ၃၀ )ရက် နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီး ဒေသ အတွင်း၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး လုံခြုံရေး ကင်းလှည့်သည့် တပ်သားများ မှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း နှင့် ပတ်သက်ပြီး RCSS/SSA ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးခမ်းစံကို ဆက်သွယ်မေးမြန်းရာ ထိတွေ့ပစ်ခတ်မှုဖြစ်သည်ဟုသာ သိရပြီး အသေးစိတ်ကို မသိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လုံခြုံရေး ကင်းလှည့်တဲ့ တပ်သားအချင်းချင်း ထိတွေ့မှုဖြစ်တာလို့ပဲ သိရတယ်၊ ကျနော်တို့ဘက်က သွားပြီး စပစ်တာတော့မဟုတ်ဘူး၊ ခုလည်း သူတို့ဘက်ကပဲ လာပစ်တာလို့ သိရတယ်၊ ဒီနေရာက ကျနော်တို့ အရင် ကတည်း သွားလာလှုပ်ရှားတဲ့ နေရာလေ၊ ဒီနေ့ ပစ်ခတ်မှု အသေးစိတ်ကိုတော့ ကျနော်မသိရသေးဘူး” ဟု ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲသည် ၁ နာရီအထိ ဖြစ်ပွားကြောင်း ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့်သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

ယင်းထိတွေ့ တိုက်ပွဲ နှင့် ပတ်သက်ပြီး  (PNLO) ၏ ဒုဥက္ကဌ (၁) ခွန်ထွန်းတင်ကို ဆက်သွယ်မေးမြန်းရာ သတင်း သာကြားရကြောင်း နှင့် အတည်မပြုနိုင်သေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခုနကတော့ အသိတစ်ယောက်က ကဒူးကြီးဘက် ထိတွေ့တိုက်ပွဲ ဖြစ်လား ဆိုပြီးတော့ လာမေးတယ်၊ ကျနော့် ဆီတော့ သတင်းအချက်အလက် မရောက်လာသေးဘူး၊ အဲ့ဘက်က ဆက်သွယ်ရေး တာဝန်ခံတွေဆီ မေးကြည့် လည်း ဖုန်းက မရဘူးဖြစ်နေတယ်၊ အဲ့တော့ ကျနော်ကလည်း အတည်လည်း မပြုနိုင်သေးဘူး” ဟု (PNLO) ၏ ဒုဥက္ကဌ (၁) ခွန်ထွန်းတင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

RCSS/SSA နှင့် PNLO တပ်ဖွဲ့ နှစ်ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသော်လည်း တပ်ဖွဲ့ နှစ်ခုကြား ထိတွေ့ ပစ်ခတ်မှုများက ရှိနေကြသည်။

မောက်မယ်မြို့နယ် ကဒူးကြီး ဒေသ အတွင်း RCSS နှင့် PNLO တို့သည် လွန်ခဲ့သည့် ၂၀၂၂ခုနစ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...