အပစ်ရပ် (၇) ဖွဲ့နှင့် NSPNC တို နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံ

အပစ်ရပ် (၇) ဖွဲ့နှင့် NSPNC တို နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (NCA- EAO)  ၇ ဖွဲ့ နှင့်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီNSPNC တို့ နေပြည်တော်တွင်အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၂၈ ရက်တွင် NSPNC ၏ ဗဟိုဌာနရှိရာ နေပြည်တော်၌ တွေ့ဆုံခြင်းဖြစ်ပြီး NCA – S – EAO  (၇) ဖွဲ့ အနေဖြင့်သက်ဆိုင်သူ အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှု အခင်းအကျင်း တစ်ရပ် ပေါ်ပေါက်ရေးကို ဆွေးနွေးဖြစ်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ငြိမ်းချမ်းရေး အဆင့်ဆင့် နှင့် ဖက်ဒရယ် အခြေခံမူများ စသည့် အကြောင်းအရာအများကို ဆွေးနွေးဖြစ်ခဲ့ကြကြောင်းလည်း NCA – S – EAO (၇) က ထုတ်ပြန်ထားသည်။

အဆိုပါ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွင် NCA – S – EAO (၇) ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စဝ်စိုင်းငင်း (RCSS /SSA) ၊ ဒုတိယ အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသည့် စောမြရာဇာလင်း (ALP) နှင့်နိုင်အောင်မငေး (NMSP) ၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး စောကျော်သန်းဌေး  (DKBA) ၊ ဗိုလ်မှူးကြီး စောကျော်ညွှန့်(KNU/KNLAPC) ၊ ကျာဖူး (LDU) ဗိုလ်မှူးခွန်သိန်းမင်းသိန်း (PNLO) နှင့် အထောက်အကူပြု ကိုယ်စားလှယ် (၅) ဦး၊ စုစုပေါင်း(၁၂) ဦးဖြင့် NSPNC နှင့် တက်ရောက်ဆွေးနွေးနေကြောင်း သိရသည်။

ထို့နည်းတူပင် စစ်ကောင်စီ လက်အောက်ခံ NSPNC ဘက်မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့က တက်ရောက်ခဲ့ကြောင်း လည်း သိရသည်။

အပစ်ရပ် NCA – S – EAO နှင့် NSPNC တို့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုသည် မတ်လ (၂၉) ရက်နေ့ အထိ ရှိမည် ဖြစ်ကြောင်းလည်း NCA – S – EAO (၇) ၏ ထုတ်ပြန်ထားချက် အရ သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ဖော်ဆောင်ရန်အတွက်ဟုဆိုကာ တနိုင်လုံး အပစ်ရပ်စဲရေး (၁) နှစ်ကြောညာထေားသော်လည်း မြေပြင် စစ်ပွဲများက ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

ယမန်နေ့ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၇၆ နှစ်မြောက် တပ်မတော်နေ့တွင်လည်း အမျိုးသား စည်းလုံးညီညွတ်ရေးအစိုးရ NUG ၊ PDF များ နှင့် ကူညီထောက်ပံ့ပေးနေသူများကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မည်ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...