ကျိုက်ထီးရိုးဒေသမှာ မြေမြှုပ်မိုင်းနင်းမိပြီး အထမ်းသမားတစ်ဦးသေဆုံး

ကျိုက်ထီးရိုးဒေသမှာ မြေမြှုပ်မိုင်းနင်းမိပြီး အထမ်းသမားတစ်ဦးသေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ၊ ကျိုက်ထီးရိုးတောင်တန်းရှိ ရသေ့တောင်အနီးမှာ မြေ မြှုပ်မိုင်းနင်းမိပြီး အထမ်းသမားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် အထမ်းသမား ကိုခင်မောင်ဟာ ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့မှာ မိသားစု စားဝတ်နေရေးအ တွက် ရသေ့တောင်အနီးမှာ ဟင်သီးဟင်းရွက်တွေ ခူးဖို့ ထွက်သွားခဲ့ပေမယ့် နေအိမ်ပြန်လည်ရောက်ရှိလာခြင်း မရှိဘူးလို့ သိရပါတယ်။

အဲဒီနောက် ကျိုက်ထီးရိုးတောင်ပေါ်နေ ဒေသခံတွေက လိုက်လံရှာဖွေစဉ် မတ် ၂၂ ရက်နေ့ ညနေပိုင်းမှာ အထမ်းသမား ကိုခင်မောင်ကို မြေမြှုပ်မိုင်းဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အထမ်းသမား ကိုခင်မောင်ဟာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ညာခြေထောက်ဝတ် ပြတ်တောက်လုနီးပါး ဒဏ်ရာနဲ့ ခန္ဓာကိုယ်မှာ ကျည်စမှန် ဒဏ်ရာတွေရရှိထားတဲ့အတွက် သွေးထွက်လွန်ပြီး သေ ဆုံးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သေဆုံးသွားတဲ့ အထမ်းသမားကိုခင်မောင်မှာ ဇနီးဖြစ်သူနဲ့အရွယ်မရောက်သေးတဲ့ ကလေးငယ် ၂ ဦး ကျန်ရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် မေလ ၈ ရက်နေ့ကလည်း ကျိုက်ထီးရိုးတောင်အနီး ဟင်းသီးဟင်းရွက် သွားခူးတဲ့ ပီတိကျေးရွာအုပ်စု၊ ချောင်းကွေ့ကျေးရွာနေ အသက် ၁၂ အရွယ် လူငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒဏ်ရာရရှိ ထားပါတယ်။

Most read this week

ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...
ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...
ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...