စစ်ကောင်စီထံ ပါတီမှတ်ပုံတင်ထားသူအားလုံးဟာ သမိုင်းတရားခံတွေ ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ပြော

စစ်ကောင်စီထံ ပါတီမှတ်ပုံတင်ထားသူအားလုံးဟာ သမိုင်းတရားခံတွေ ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ပြော
ဓာတ်ပုံ - PM of NUG
ဓာတ်ပုံ - PM of NUG

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါတီမှတ်ပုံတင်ထားသူတွေနဲ့ အလိုတူအလိုပါအဖွဲ့အစည်းတွေ ဟာ ပြည်သူ့သစ္စာစူးရောက်မယ့် သမိုင်းတရားခံတွေဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၂၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၁၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။

“ပြည်သူတွေအပေါ် နည်းမျိုးစုံနဲ့ လူမဆန်တဲ့ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေတဲ့စစ်အုပ်စုရဲ့ ရွေး ကောက်ပွဲဆိုတာဟာ သူတို့အာဏာ ဆက်လက် တည်မြဲနိုင်ရေးအတွက် ပြုလုပ်မယ့် လုပ်ပွဲတစ်ခု သာဖြစ်တယ်ဆိုတာကို မြန်မာပြည်သူများသာမက၊ နိုင်ငံတကာကပါ သိရှိနေကြပြီးသား ဖြစ်တဲ့ အတွက် ၎င်းတို့နဲ့ အလိုတူအလိုပါ အဖွဲ့အစည်းတွေ အားလုံးဟာ ပြည်သူ့သစ္စာ စူးရောက်မယ့် သမိုင်း တရားခံများသာ ဖြစ်မယ်” လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးသစ္စာနဲ့ တရားမျှတမှုဘက်က ပြည်သူတွေနဲ့အတူ ရဲရဲဝံ့ဝံ့ ရပ်တည်ပေး ကြတဲ့ နိုင်ငံရေးပါတီ အားလုံးကိုလည်း လေစားဂုဏ်ယူတယ်လို့ ပြောပါသေးတယ်။

လက်ရှိမှာတော့ စစ်ကောင်စီကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအတွက် ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ မတ် (၁၇) ရက်နေ့အထိ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ (၂၉) ပါတီ ရှိပြီဖြစ်ကာ အဲဒီထဲက ပြည်ထောင်စုတဝန်း စည်းရုံးမယ့် ပါတီ (၇) ပါတီ၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အဆင့်မှာသာ စည်းရုံးမယ့်ပါတီ (၂၂) ပါတီ ရှိတယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ တည်ဆဲနိုင်ငံရေးပါတီ ၉၁ ပါတီရှိနေတဲ့အတွက် စစ်ကောင်စီခန့် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီဟာ သုံးပုံမှာ တစ်ပုံသာ ရှိနေသေးတာ ဖြစ်ပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...