အမှတ် (၁) မြ၀တီတံတားပေါ် ဖြတ်ကျော်ခွင့်ကို မှတ်ပုံတင်အပ်နှံရသည့်အပြင် ကိုဗစ်ကာကွယ်ဆေးလက်မှတ် ငါးသောင်းပေးမှသာ မဲဆောက်ဘက်ဝင်ခွင့်ရ

အမှတ် (၁) မြ၀တီတံတားပေါ် ဖြတ်ကျော်ခွင့်ကို မှတ်ပုံတင်အပ်နှံရသည့်အပြင် ကိုဗစ်ကာကွယ်ဆေးလက်မှတ် ငါးသောင်းပေးမှသာ မဲဆောက်ဘက်ဝင်ခွင့်ရ

ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအမှတ် (၁)မှ နယ်စပ်ဖြတ်ကျော်၀င်ရောက်ခွင့်အား မှတ်ပုံတင်အပ်နှံ ခဲ့ရသည့်အပြင် ကိုဗစ်ကာကွယ်ဆေး ၄ ကြိမ် ထိုးနှံထားကြောင်း လက်မှတ်ခကျပ်ငွေ ၅၀၀၀၀(ငါးသောင်း)ပေးမှ သာ မဲဆောက် မြို့ဘက် ၀င်ခွင့်ရကြောင်း တံတားအမှတ် ၁ မှ မဲဆောက်ဘက် ၀င်ရောက်ခဲ့သူများ ပြောဆိုချက် အရ သိရသည်။

“မဲဆောက်သွားဖို့ ပစ္စည်း၀ယ်ဖို့၊ တံတားဖြတ်ဖို့ လက်မှတ်လုပ်တော့ တံတားလ၀ကမှာ မြန်မာပြည်မှတ်ပုံတင် အပ်ခဲ့ရတယ်၊ မဲဆောက်ကပြန်၀င်မှပြန်ထုတ်ပေးတယ်။ နောက်ပြီးတော့ ကိုဗစ်ကာကွယ်ဆေးလက်မှတ်ဆေး ၄ ကြိမ်ထိုးနှံပြီးကြောင်း ထောက်ခံချက်ပေါ့၊ အဲ့ဒါမရှိရင်လည်း ၅ သောင်းပေးပြီး လက်မှတ်ယူရတယ်။ အဲ့ဒါ မပြနိုင် ရင် မဲဆောက်သွားလို့မရဘူး”ဟု မြ၀တီမှ မဲဆောက်ဘက်သို့ သွားရောက်ခဲ့သူတစ်ဦးက ပြောသည်။

ကိုဗစ်ကူးစက်ရောဂါကာလ ၃ နှစ်နီးပါး ထိုင်း-မြန်မာနယ်စပ် ၀င်ထွက်သွားလာသည့် ဂိတ်စခန်းများပိတ်ထားခဲ့ ရပြီးနောက် ယခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်က မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား အမှတ် ၁ အား ပြန်လည်ဖွင့်လှစ်သွားလာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြန်လည်သွားလာခွင့်ပြုရာတွင် မြန်မာဘက်မှ မဲဆောက်ဘက် ၀င်ရောက်နေထိုင်လည်ပတ်ခွင့် ၇ ရက် ပေးထားသည့်အပေါ် ရက်ပြည့်ချိန် မြန်မာဘက်သို့ ပြန်လည်၀င်ရောက်သူများ အနည်းအကျဉ်းသာ ပြန်လည် ၀င်ရောက်လာကြတော့သည့်အတွက် မဲဆောက်ဘက် ၀င်မည့်သူများအား မှတ်ပုံတင်သိမ်းဆည်းထားခြင်း ဖြစ်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

“မြန်မာဘက်ကလူတွေက တံတားဖွင့်တော့ ထိုင်းဘက်၀င်ပြီး မြန်မာဘက်ပြန်မကူးလာကြတော့ဘူး။ အဲ့ဒါ ကြောင့် မှတ်ပုံတင်အပ်ထားရတာ။ ကိုဗစ်ဆေးလက်မှတ် ထောက်ခံချက်တစ်စောင် ၅ သောင်းကတော့ ကျန်းမာ ရေးဌာနတို့ ဆေးရုံ၊ ဆေးခန်းတို့မှာ တကယ်လည်းသွားထိုးကြရတာမဟုတ်ဘဲနဲ့ ထောက်ခံချက် စာရွက်ပြနိုင်ဖို့ တံတားဖြတ်သန်းခွင့်အပေါ် လာဘ်ပေးလာဘ်ယူကိစ္စကြီး တစ်ခုလို ဖြစ်နေတာပါ၊ အဓိကကတော့ ရန်ကုန်တို့ အခြားနယ်က လာတဲ့သူတွေက မဲဆောက်ဘက်လည်ပတ်ချင်တော့ ငွေပေးပြီးသွားကြတာပေါ့၊ မြ၀တီမြို့ခံ တွေကတော့ ရပ်ကွက်ရုံးတို့၊ ဆေးရုံတို့မှာ သွားထိုးလို့ရတယ်။”ဟု စစ်ကောင်စီအုပ်ချုပ်ရေး နှင့် နီးစပ်သူမြို့ခံတစ်ဦးက ပြောသည်။

ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ် မြ၀တီ-မဲဆောက်ဒေသအတွင်း ချစ်ကြည်ရေးတံတား အမှတ် ၁ ဘက်မှ လူ နှင့် အသီးအနှံ၊ အိမ်သုံးပစ္စည်းများသွားလာသယ်ဆောင်ခွင့်ရရှိနေပြီး တံတားအမှတ် -၂ မှ ကုန်တင်ကားကြီး များဖြင့် သွင်းကုန်၊ ပို့ကုန်များဖြတ်သန်းသယ်ဆောင်ခွင့်ရရှိသော်လည်း တရားမ၀င် ကုန်သွယ်ရေး လမ်း ကြောင်းများ၊ တရားမ၀င်ကုန် ပစ္စည်းများ ဖြတ်သန်းသယ်ဆောင်နေသည့် မြ၀တီ-ဖားအံ-ရန်ကုန် လမ်းကြောင်းပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များ၊ စစ်ကောင်စီလက်အောက်ခံ ၀န်ထမ်းများမှာ ၀င်ငွေကောင်းနေကြကြောင်း နီးစပ်သူများက ပြောဆိုကြသည်။

Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...