နယူးဒေလီတွင်ပြုလုပ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့သို့ တရားလွှတ်တော်ချုပ်ရှေ့နေကြီး တက်ရောက်

နယူးဒေလီတွင်ပြုလုပ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့သို့ တရားလွှတ်တော်ချုပ်ရှေ့နေကြီး တက်ရောက်

ဂျူနို — အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် Burmese Refugee Women Delhi ကဦးဆောင်၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အား ယနေ့ မတ်လ ၁၀ ရက်နေ့တွင် ကျင်းပသည်။

“မြန်မာအမျိုးသမီးတွေဟာ သိပ်ကိုသတ္တိရှိကြတယ်၊ တက်ကြွလှုပ်ရှားသူအမျိုးသမီးတွေ( Activists)၁၉၉၀ ဝန်းကျင်မှာ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ကြခဲ့တဲ့သူတွေပါ။ အခု မြန်မာအမျိုးသမီးတွေက CDM မှာပါဝင်ကြတယ်။ လက်နက်ကိုင်တော်လှန်ရေးထဲမှာလည်း ပါဝင်နေကြတယ်။ သူတို့လုပ်ဆောင်တာတွေက အများကြီးပဲ။ ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုက ဗမာ့လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ပြဿနာက အမျိုးသမီးလူ့အခွင့်အရေးအကြောင်း သိပ်မသိကြတာပဲ။” ဟု  လူ့အခွင့်အရေးရှေ့နေနှင့် ဗမာပြည်သားများ၏ မိတ်ဆွေ တရားလွှတ်တော်ချုပ်ရှေ့နေကြီး Madam Nandita Haksar က မဇ္စျိမကို ပြောသည်။

ထို့အပြင် “အမျိုးသမီးတွေဟာ ကိုယ့်အားကိုယ်ကိုးရမယ်။ကိုယ့်ခွန်အား၊ ကိုယ့်အင်အားအပေါ်မှာ ရပ်တည်ရမယ်။ အမျိုးသမီးတွေ ဂုဏ်သိက္ခာရှိစွာ အသက်ရှင်နေထိုင်နိုင်ရမယ်။ ကိုယ့်အချင်းချင်း သွေးစည်းညီညွတ်ရေးဆိုတဲ့ solidarity အပေါ်မှာရပ်တည်ပြီးတော့ ရင်ဆိုင်ရမယ်။ ဒီပွဲကိုလာတာကလည်း ကျမရဲ့သွေးစည်းညီညွတ်မှုကိုပြချင်လို့ လာခဲ့တာ။ ဒါတင်မဟုတ်ဘူး မြန်မာအမျိုးသမီးတွေကို ချီးကျူးဖို့ ဂုဏ်ပြုဖို့လာခဲ့တာ။”ဟု Madam Nandita Haksar က ဆက်လက်ပြောဆိုသည်။

အဆိုပါအခမ်းအနားသို့ နယူးဒေလီမြို့ရှိ တရားလွှတ်တော်ချုပ်ရှေ့နေကြီး ၊ ဒုက္ခသည်ကူညီစောင့်ရှောက်ရေးအသင်း UNHCR , BOSCO&SLIC ရုံးမှ အရာရှိများ၊ DASAI အပြည်အပြည်ဆိုင်ရာ အမျိုးသမီးများအဖွဲ့၊ အီတလီ၊ မော်လ်ဒိုက်၊ ကနေဒါ မှ ဧည့်သည်တော်များ၊ Chin Refugees Communityမှ ဥက္ကဋ္ဌ၊ NUG & CRPH support group နှင့် Myanmar Refugee Demand Committe မှ ကိုယ်စားလှယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှ နယူးဒေလီသို့ ရောက်ရှိလာသူများ၊ နိုင်ငံရေးနှင့် ဘာသာရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ Burmese Refugee Women Delhi အကြောင်းပြောကြားခြင်း၊ မိန့်ခွန်းပြောကြားခြင်း အစီအစဉ်များ ပါဝင်သည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women's Day )မှာ နှစ်စဥ် မတ်လ ၈ ရက်နေ့တွင် ကျင်းပမြဲဖြစ်သည်။

“ဒီနှစ်က အိန္ဒိယမှာ Holi ပွဲရက်နဲ့တိုက်နေတော့ မတ်လ ၈ ရက်နေ့မှာ မလုပ်ဖြစ်ဘဲ ဒီနေ့ မတ်လ ၁၀ ရက်နေ့မှ လုပ်ဖြစ်တာပါ။” ဟု BRWD မှ ပွဲစီစဉ်သူတစ်ဦးကပြောသည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၌ အမျိုးသမီးများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ယဥ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ စွမ်းဆောင်အောင်မြင်မှုများကို ဂုဏ်ပြုကျင်းပကြသည့်နေ့ဖြစ်သည်။

ယခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုဆောင်ပုဒ်မှာ ခွင့်တူညီမျှ လွှမ်းခြုံကြ ( Embrace Equity) ဖြစ်သည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...