စစ်ကောင်စီက ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကချင်ပြည်နယ်အတွင်း ဝင်ရောက်ဖြေဆိုသူ ၉၅၀၀ ကျော်ရှိပြီး ၈၀၀ နီးပါးပျက်ကွက်

စစ်ကောင်စီက ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကချင်ပြည်နယ်အတွင်း ဝင်ရောက်ဖြေဆိုသူ ၉၅၀၀ ကျော်ရှိပြီး ၈၀၀ နီးပါးပျက်ကွက်

စစ်ကောင်စီက ကျင်းပနေတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီကနေ့ မတ်လ ၈ ရက်နေ့ကနေ စတင်ဖြေဆိုနေ ကြပြီဖြစ်ပြီး ကချင်တစ်ပြည်နယ်လုံးမှာ ကျောင်းသူကျောင်းသား ၉,၅၀၀ ကျော် ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ ၈၀၀ လောက်ရှိခဲ့တယ်လို့ ကချင်ပြည်နယ် ပညာရေးမှူးရုံးကနေ သိရပါတယ်။

ကချင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်လျှောက်ထားသူ တစ်သောင်းကျော်( ၁၀,၃၂၇ ) ဦးထဲက လာရောက်ဖြေဆိုသူ ၉၅၃၃ ဦးနဲ့ ပျက်ကွက်သူ ၇၉၄ ဦး ရှိခဲ့ပါတယ်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ကချင်တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ စာစစ်ဌာန ၃၂ ခုရှိတယ်လို့ သိရပြီး အဲဒီထဲက ကျား ၃၄၉ ဦး နဲ့ မ ၄၄၅ ကတော့ ဖြေဆိုဖို့ပျက်ကွက်ခဲ့ပါတယ်။

ဒါ့အပြင် ဒီနှစ်စာမေးပွဲဟာ တက္ကသိုလ်ဝင်တန်း စနစ်ဟောင်းရဲ့ နောက်ဆုံးနှစ်ဖြစ်ပြီး နောက်နှစ်ကနေတော့ Grade 12 အထိဖြေဆိုရမှာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဒီကနေ့ မတ်လ ၈ ရက်နေ့ကနေ စတင်ဖြေဆိုနေကြတာဖြစ်ပြီး မတ်လ ၁၈ ရက်နေ့မှာ ပြီးဆုံးမှာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ကချင်ပြည်နယ်အတွင်း ဝင်ရောက်ဖြေဆိုသူ တစ်သောင်းတစ်ထောင်ကျော် (၁၁,၄၈၃) ဦး ရှိခဲ့ပြီး အောင်မြင်သူဦးရေ ၅,၃၂၅ ဦးနဲ့ ၄၆ ဒဿမ ၃၇ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...