နိုင်ငံကျော် တေးသံရှင် တွံတေးစိုးအောင် ကွယ်လွန်

နိုင်ငံကျော် တေးသံရှင် တွံတေးစိုးအောင် ကွယ်လွန်

နိုင်ငံကျော်အဆိုတစ်ဦးဖြစ်သူ တေးသံရှင် တွံတေးစိုးအောင်ဟာ ဒီနေ့ မတ်လ(၉) ရက်နေ့ မနက်(၂) နာရီ ဝန်းကျင်မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုက အသိပေးထားပါတယ်။

တေးသံရှင် တွံတေးစိုးအောင်ဟာ ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ကွယ်လွန်သွားတာဖြစ် တယ်လို့ သိရပါတယ်။

“ဒီမနက်။ ၂ နာရီ ၃ မိနစ်က ကျွန်တော့်ရဲ့ အဖေ နိုင်ငံကျော်တေးသံရှင် တွံတေးစိုးအောင် ကွယ်လွန်သွားပါပြီ” လို့ တွံတေးဟိန်းကျော်က ပရိသတ်တွေကိုအသိပေးထားပါတယ်။

တွံတေးစိုးအောင်ဟာ မယ်ဒလင်တစ်လက်နဲ့ ကိုယ်ပိုင်သီချင်းများစွာ ရေးစပ်ကာနိုင်ငံကျော်ခဲ့သူ ဖြစ်ပြီး ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

တေးသံရှင်တွံတေးစိုးအောင်ကို တွံတေးမြို့၊ကျုံးကြီးရပ်ကွက် မှာမွေးဖွားခဲ့တာဖြစ်ပြီး အနုပညာ မျိုးရိုးမရှိဘဲ မိဘတွေဟာတောင်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းသူတွေဖြစ်တယ်လို့ သိရပါ တယ်။

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ တေးသံရှင်တွံတေးစိုးအောင်ရဲ့ ပထမဆုံး တစ်ကိုယ်တော် စီးရီးဟာ “ကိုကိုလို့ခေါ်ပါ” ဆိုတဲ့ တေးစီးရီးဖြစ်ပြီး နောက်ပိုင်းမှာ တေးစီးရီးပေါင်း (၁၀၀) ကျော်လောက် ထွက်ရှိခဲ့တာဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

သတင်း - သံလွင်တိုင်းမ်

Most read this week

ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...