အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုက အားရကျေနပ်စရာရှိလာတယ်လို့ NUG ပြော

အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုက အားရကျေနပ်စရာရှိလာတယ်လို့ NUG ပြော

စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို အမေရိကန်နဲ့ တကွ အနောက်နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုတွေဟာ အတိုင်းအတာ တစ်ခုအထိ အားရကျေနပ်စရာရှိလာ ပေမယ့် တော်လှန်ရေးအင်အားစုတွေအတွက် ဒီထက်ပိုမိုထိရောက်တဲ့ အကူအညီပံ့ပိုးမှုတွေ လိုသေး တယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၇) ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၉) ကြိမ်မြောက် အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။

“ကျွန်တော်တို့ ရဲ့ အိမ်နီးနားချင်း နိုင်ငံတွေ အပါအဝင် အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေးကိုလည်း ဒီ့ထက်ပိုမိုထိရောက် အားကောင်းအောင် ဆက်လက် ကြိုးစားလုပ်ဆောင်ပေးဖို့ အစိုးရအဖွဲ့ဝင်များ အားလုံးကို တိုက်တွန်းမှာကြားလိုပါတယ်။" လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်ဒေသ(၂) ဘက်မှာ တာဝန်ယူထားသူတွေနဲ့ စနစ်တကျ ဆွေးနွေးတိုင်ပင်ပြီး ပြည်သူတွေကို ရနိုင်သလောက် အကောင်းဆုံးနည်းလမ်းတွေ ရှာဖွေပြီး ကာကွယ်ဖို့ ကြိုးပမ်းရမှာဖြစ်တယ်လို့ ပြောပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးဆိုင်ရာ ပိုမိုကောင်းမွန် အားကောင်းတဲ့ ပုံစံတွေဖြစ်လာဖို့၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပိုမိုထိရောက်အောင် လုပ်ဆောင်ဖို့၊ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေ စဉ်ဆက်မပြတ်ဆွေးနွေးလုပ်ဆောင်ဖို့ လည်း တိုက်တွန်းခဲ့ ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန၊တရားရေးဝန်ကြီးဌာနတို့ အနေနဲ့လည်း အခုလို ဆိုးဆိုးရွားရွား အကြမ်းဖက်လူသတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက် တွေနဲ့ ပတ်သက်ပြီး ကမ္ဘာက များများသိအောင်ချပြဖို့နဲ့ တရားမျှတမှုတွေ ပြန်လည်ဆောင်ကျဉ်း ပေးနိုင်ဖို့အတွက် ကြိုးစားရမယ်လို့ NUG ဝန်ကြီးချုပ်က ဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေက ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေလုပ်ဆောင်နေသလို လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွားကျူးလွန်နေတာဖြစ်ပါတယ်။

အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပြင် တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

Most read this week

ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...