ဗန်းမော်မြို့တွင် စစ်ကောင်စီမှ ဖမ်းဆီးခဲ့သည့် ကားနှင့်ဆိုင်ကယ်များအား ပြန်မပေး

ဗန်းမော်မြို့တွင် စစ်ကောင်စီမှ ဖမ်းဆီးခဲ့သည့် ကားနှင့်ဆိုင်ကယ်များအား ပြန်မပေး
မော်တော်ယာဉ်လိုင်စင် စစ်ဆေးနေစဉ်။ (ပုံဟောင်းဖြစ်ပါသည်)
မော်တော်ယာဉ်လိုင်စင် စစ်ဆေးနေစဉ်။ (ပုံဟောင်းဖြစ်ပါသည်)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ဆေးဖမ်းဆီးခဲ့တဲ့ ပြည်သူတွေရဲ့ ကားနဲ့ ဆိုင်ကယ်တွေ အခုချိန်ထိ ပြန်ပေးတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လေးမိုင်ရပ်ကွက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မတ်လ ၃ ရက်နေ့မှာ ပြည်သူတွေရဲ့ ကားနဲ့ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကနေ စစ်ဆေးဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သား၊ ရဲနဲ့ယာဉ်ထိန်းရဲတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ကနေ မြို့တွင်းနဲ့ မြို့ဝင်မြို့ထွက် နေရာတွေမှာ စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပြီး တစ်ချို့ဆိုင်ကယ်နဲ့ ကားတွေကိုတော့ ဖမ်းဆီးတဲ့နေရာမှာတင် ပိုက်ဆံနဲ့ ရွေးယူခိုင်းတာရှိသလို သိမ်းဆည်းခဲ့တာတွေကိုတော့ ဘယ်နေရာသယ်သွားမှန်းတောင် မသိရဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ သူတို့မှာက ပေါ်လစီမရှိဘူးလေ။ တစ်ခါတည်း ညှိလို့ရရင်တော့ ပိုက်ဆံယူပြီး ချက်ချင်းပြန်ထွက်။ ညှိမရတဲ့ဟာတွေကျတော့ ဘယ်သယ်လို့ သယ်သွားမှန်းတောင်မသိဘူး။ အဲဒီလိုမျိုးဖြစ်နေတာ။” လို့ အထက်ပါမြို့ခံက ဆိုပါတယ်။

ဖမ်းဆီးရာမှာလည်း တစ်နေရာတည်းမှာ စောင့်ဖမ်းတာမျိုး မဟုတ်ဘဲ လမ်းဆုံလမ်းခွနဲ့ လူစည်ကားတဲ့ နေရာတွေမှာ ရှောင်တခင် စစ်ဆေးဖမ်းဆီးတာ ဖြစ်ပါတယ်။

“ အရင်တစ်ခေါက်က တစ်နေရာထဲမှာ ဖိပြီးဖမ်းတာလေ။ အဲဒီအခါကျတော့ အစီးရေ ရေထားလို့ရတယ်လေ။ အခုဟာက လှုပ်ရှားနေတာ။ ဟိုနားသွားဖမ်းလိုက် ဒီနားဖမ်းလိုက် အဲဒီလိုမျိုးကြီး ဖမ်းနေတာ။”လို့ ဆိုပါတယ်။

အခုလို လိုင်စင်အကြောင်းပြပြီး ဆိုင်ကယ်နဲ့ကားတွေကို ဖမ်းဆီးနေတာဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကြောင့် ဖမ်းဆီးတာမဟုတ်ဘဲ စစ်ကောင်စီရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ထိခိုက်၊သေဆုံး တာတွေ ရှိလာတဲ့နောက် ၂၀၂၁ နိုဝင်ဘာလလောက်ကနေ စတင်ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ အခုလို စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးထားတဲ့ ဆိုင်ကယ်နဲ့ ကားတွေကို ဗန်းမော်အကျဉ်းထောင်ရှေ့က အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှာ ထားရှိထားကြောင်းလည်း သိရပါတယ်။

ဗန်းမော်မြို့အပါအဝင် ကချင်ပြည်နယ်အတွင်း အသုံးပြုနေကြတဲ့ ဆိုင်ကယ်အများစုဟာ တရုတ်နယ်စပ်က တင်သွင်းတာဖြစ်ပြီး အများစုက လိုင်စင်မဲ့တွေ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...