ကျိုက်ထိုမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် ၆ ဦး သေဆုံး

ကျိုက်ထိုမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် ၆ ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) နယ်မြေ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီး ဒေါင်းတောင်ရော်ဘာခြံမှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးသွားတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ မတ် ၃ ရက်နေ့ မနက် ၅ နာရီလောက်က ဒေါင်းတောင်ရော်ဘာခြံမှာ ကင်းပုန်းဝပ်ဖို့လာတဲ့ တပ်အင်အား ၁၃ ဦးပါတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF၊ KRF၊ ABSDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲပြီးနောက် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်က လာရောက်သယ်ဆောင်သွားပြီး အဲဒီတိုက်ခိုက်မှုမှာ ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်က ကဒတ်ချောင်းကျေးရွာပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

နှစ်ဖက်တိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကျိုက်ထိုမြို့ တောင်ကလေးသင်္ချိုင်းမှာ စစ်ကားနှစ်စီးနဲ့ လာသင်္ဂြိုဟ်သွားပြီး ဘယ်နှစ်ဦး သင်္ဂြိုဟ်သွားလဲဆိုတာ မသိရဘူးလို့ ဒေသခံတွေကထံကနေ သိရပါတယ်။

စစ်တပ် လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ အဲဒီတိုက်ခိုက်မှုဟာ KNU တပ်မဟာ (၁)က ဗိုလ်မောင်ဦး ဦးဆောင်တဲ့ အဖွဲ့နဲ့ PDF မြင့်ဦး အဖွဲ့မှ အင်အား (၄၀) ထက်မနည်းက စစ်ကောင်စီလုံခြုံရေးကား ပစ်ခတ်တိုက်ခိုက်ခဲ့ဖြစ်ကြောင်းနဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သား တစ်ဦးသာ ဒဏ်ရာရရှိပြီး Icon စက်တစ်လုံးနဲ့ ပစ္စတိုလက်နက်တစ်လက် သိမ်းဆည်းရမိတယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ညနေပိုင်းကလည်း ကျိုက်ထိုမြို့နယ်၊ ဌက်ပျောတော ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိထားပါတယ်။

Most read this week

ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...