ကျောင်းသားတွေရဲ့ အချက်အလက်ပေါက်ကြားပြီးနောက် FOEIM ကျောင်းကိုပိတ်သိမ်း

ကျောင်းသားတွေရဲ့ အချက်အလက်ပေါက်ကြားပြီးနောက် FOEIM ကျောင်းကိုပိတ်သိမ်း
 ဓာတ်ပုံ - FOEIM (Facebook)
ဓာတ်ပုံ - FOEIM (Facebook)

အာဏာသိမ်းခံရပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ မြေပြင်နဲ့ အွန်လိုင်း စာသင်ကျောင်းတွေထဲက နာမည်ကြီးကျောင်းတစ်ကျောင်းဖြစ်တဲ့ Free Online Education Institution Myanmar (FOEIM) ကို မတ်လ(၁) ရက်နေ့ကစတင်ပိတ်သိမ်းလိုက်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက် နှာမှာ ကြေညာထားပါတယ်။

FOEIM ကျောင်းမှ ကျောင်းသား/ကျောင်းသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၁) ရက်နေ့က အပြင်ကို ပေါက်ကြားလာတာပါ။

ကျောင်းသားတွေနဲ့ ဆရာ/ဆရာမ တွေရဲ့ လုံခြုံရေးကိုရှေးရှုကာ ကျောင်းပိတ်သိမ်းတော့မှာ ဖြစ်သလို အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် အနူးအညွတ်တောင်းပန်တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်၊

ပေါက်ကြားလာတဲ့ အချက်အလက်တွေထဲမှာ ကျောင်းသား/သူတွေရဲ့ အမည်၊ မိဘအမည်နဲ့ ဖုန်းနံပါတ်တွေ ပါဝင်ပြီး အဲဒီအချက်အလက်တွေကို စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန် နယ်တွေမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ရေးသားထားတာလည်း တွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ကျောင်းလခတွေကောက်ခံပြီး ငွေကြေးတာဝန်ယူမှု မရှိတဲ့ ကျောင်းတည်ထောင်သူ ကိုခန့်သူနဲ့ ကျောင်းပညာသင်ကြားရေး ပျက်စီးအောင်လုပ်သူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၀) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း Kaung For You စာသင်ကျောင်းရဲ့ ငွေကြေးအရှုပ်အရှင်းတွေနဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတွေရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့ပါသေးတယ်။

အဲဒီလိုပေါက်ကြားပြီးနောက် Kaung For You ကျောင်းက ဆရာ ဆရာမတွေနဲ့ ကျောင်းသား တချို့ကို စစ်ကောင်စီက ဖမ်းဆီးတာတွေ လုပ်ဆောင်ထားပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...