စစ်တပ်က ကျင်းပဖို့ကြံစည်‌နေတဲ့ ရွေးကောက်ပွဲအပေါ် ကချင်ပြည်နယ်အတွင်းက လူငယ်တွေရဲ့အမြင်

စစ်တပ်က ကျင်းပဖို့ကြံစည်‌နေတဲ့ ရွေးကောက်ပွဲအပေါ် ကချင်ပြည်နယ်အတွင်းက လူငယ်တွေရဲ့အမြင်

မဲမသမာမှုရှိတယ်ဆိုပြီး နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားတဲ့ စစ်ကောင်စီတပ်ဟာ လာမယ့်ဩဂုတ်လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေ ရွေးကောက်ပွဲပြန်လည်ကျင်းပရန် ပြင်ဆင်နေချိန်ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ကကျင်းပမယ့် ဒီရွေးကောက်ပွဲက ကချင်ပြည်နယ်မှာ‌ကော တကယ်ဖြစ်နိုင်မလား ဘယ်လောက်အတိုင်းအတာထိကျင်းပနိုင်မလဲအစရှိတဲ့ ရွေးကောက်ပွဲဖြစ်နိုင်‌ခြေအလားအလာ‌တွေကို ကချင်ပြည်နယ်မြို့နယ်အချို့က လူငယ်တွေရဲ့အမြင်ကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။

မိုးညှင်းဒေသခံလူငယ်တစ်ဦး

“ရွှေးကောက်ပွဲလုပ်တာက သူတို့လုပ်ခဲ့တဲ့ အမှူကြီးငယ်အကုန်နဲ့ ကိစ္စအဝဝ ကို ပြန်ပြီးဖာချင်တဲ့သဘောလို့ မြင်တယ်။ အဲ့ရွှေးကောက်ပွဲလုပ်နိုင်ပြီး အတည်ဖြစ်ရင် အရင်နှစ်တွေမှာ ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့ အကုန်ကာလကာ ချလိုက်လို့ရတယ်ဆိုတဲ့ သဘောလို့ထင်တယ် ရွှေးကောက်ပွဲလုပ်ဖို့က မဖြစ်နိုင်ဘူး။ ဒါကြောင့်လဲ သူတို့သန်းခေါင်စရင်း ပြန်ကောက်ဖို့ လုပ်နေတယ် ဒါက သူတို့ရွှေးကောက်ပွဲကို လုပ်နိုင်စွမ်းမရှိတော့ဘူးဆိုတာကို အတိအလင်းဝန်ခံတာတော့မဟုတ်ပေမယ့် အဲ့လိုဖော်ပြတဲ့ပုံစံပါဘဲ”

မိုးကောင်းဒေသခံလူငယ်တစ်ဦး

“စစ်ကောင်စီတွေလုပ်မယ့်ရွေးကောက်ပွဲကတော့ ကျွန်တော့်အနေနဲ့ မတရားတဲ့ရွေးကောက်ပွဲလို့ဘဲမြင်ပါတယ်။ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် ပြည်သူတွေကိုလက်နက်နဲ့ချိန်းခြောက်ပြီးလုပ်မယ့် ရွေးကောက်ပွဲလို့ပြောရပါမယ်၊ ရွေးကောက်ပွဲ လုပ်ဖို့က သူတို့တွေ လက်နက်နဲ့ချိန်းခြောက်ပြီးလုပ်တဲ့ရွေးကောက်ပွဲဖြစ်မှာဆိုတော့ ဖြစ်နိုင်ချေများပါတယ်၊ ဘာကြောင့်လဲဆိုတော့ပြည်သူတွေအနေနဲ့အသက်ကိုရွေးမလားမဲ ထည့်မလား ဆိုရင်မဲထည့်မယ့်ပြည်သူကဘဲများမှာပါ ပြည်သူတွေအနေနဲ့ မထည့်ချင်ရင်တောင် လက်နက်ပါလာပြီမို့ ပြည်သူတွေမှာဆုံးဖြတ်ပိုင်ခွင့်မရှိတော့ဘာဘူး။ အဲတော့ဖြစ်နိုင်မယ်လို့ မြင်တယ်”

မြစ်ကြီးနားဒေသခံတစ်ဦး

“အင်အားကြီးတဲ့အစိုးရအနေနဲ့ အာဏာတွေ ဆက်ရနေဖို့ ဒီရွေးကောက်ပွဲကို သူတို့တွေက လုပ်ချင်နေတာ။ ဒါပေမဲ့ ကျွန်တော်တို့ပြည်သူတွေအတွက်ကတော့ ဘာအကျိုးမှရမှာ မဟုတ်ဘူး၊ အခုအခြေအနေမှာ ရွေးကောက်ပွဲလုပ်ဖို့ဆိုတာကလည်း မြန်မာနိုင်ငံအောက်ပိုင်းမှာက ဒီကိစ္စနဲ့ ပက်သတ်ပြီး သတိပေးနေတာတွေလည်းရှိနေတယ်ဆိုတော့ ခက်ခဲမှာ ပြီးတော့ သူတို့အနေနဲ့ နိုင်ငံတော်ကို ထိန်းချုပ်နိုင်စွမ်းလည်းမရှိတော့တဲ့အတွက်ကြောင့် ဒီရွေးကောက်ပွဲ ဖြစ်လာနိုင်ဖို့ဆိုတာ အရမ်းနည်းမှာ”

ဝိုင်းမော်ဒေသခံလူငယ်

“ဒီရွေးကောက်ပွဲဟစစ်တပ်အတွက် ထွက်ပေါက်တစ်ခုလို့မြင်မိတယ်၊ PR စနစ်ကျင့်သုံးသုံး ဘာစနစ်ကျင့်သုံးပြီးလုပ်လုပ် လွတ်တော်မှာ စစ်တပ်ရဲ့ အာဏာထားရှိမှုကိုမပြောင်းသရွေ့ ဒီရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ မျက်နှာကိုကြည့်မယ့် ပါတီတွေထွက်လာမှာမဟုတ်ဘူး၊ ရွေးကောက်ပွဲ မလုပ်သင့်ဘူးလို့ထင်မိတယ်၊ ဘာလို့လည်းဆိုတော့ ရွာလုံးကျွတ်စစ်ဘေးရှောင်တဲ့ ပြည်သူတွေ ရွေးကောက်ပွဲမှာပါဝင်နိုင်မှုတွေမရှိဘူး၊ ကချင်မှာ၂၀၁၁တုန်းကရောက်ခဲ့တဲ့ စစ်ရှောင်တွေနေရပ်ပြန် ဖို့အတင်းတိုက်တွန်းလုပ်ဆောင်နေတယ်၊ ဒီနေရပ်ပြန်တဲ့စစ်ရှောင်တွေအတွက်လုံ့ခြုံမှုမရှိဘဲ နေရပ်ပြန်ပို့တာဟာ စစ်ကောင်စီရဲ့ ထွက်ပေါက် ဖြစ်တဲ့ရွေးကောက်ပွဲအတွက်သာဖြစ်တယ်”

ဖားကန့်ဒေသခံလူငယ်

“ကိုယ့်တစ်ယောက်တည်း အမြင်ဆိုရင် သူတို့ဘာသာသူတို့လုပ်တဲ့ ဒီရွေးကောက်ပွဲကြီးက ကျွန်မနဲ့ လုံးဝသက်ဆိုင်မှု မရှိဘူးလို့မြင်တယ်၊ သူတို့ရဲ့ရွေးကောက်ပွဲက ဖြစ်မယ်လို့လည်းအပြောနိုင်ဘူး မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်ဘူး၊ ၂နှစ်လောက်လည်းရှိလာပြီ ကျောင်းတက်နေတဲ့သူတွေက လည်းတက်နေပြီဆိုတော့ သူတို့ဘက်ပါမဲ့သူတွေလည်းရှိနေမှာ၊ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဒေသအနေနဲ့ဆိုရင်တော့ လုံးဝမဖြစ်နိုင်ဘူး ဒီဘက်မှာက ဒီကိစ္စနဲ့ ပက်သက်ပြီး ဆန့်ကျင်နေတဲ့ သူတွေကြီးဘဲမို့”

မြစ်ကြီးနားဒေသခံလူငယ်

“သူတို့ အသိအမှတ်ပြုခံချင်တာ၊ အမည်ခံဒီမိုကရေစီ ပုံစံလုပ်နေတာ ပြီးတော့ ကမ္ဘာကနေအသိအမှတ်ပြုတာလိုချင်နေတာ၊ ဒီရွေးကောက်ပွဲက မဖြစ်နိုင်ဘူး ဒါပေမဲ့ လုပ်မှာဘဲ၊ စစ်ပွဲတွေဖြစ်နေတဲ့ နေရာမှာဆိုရင် သူတို့ မထိန်းချုပ်နိုင်လို့ဘယ်လိုမှ လုပ်နိုင်မှာမဟုတ်ပေမဲ့ လုပ်နိုင်တဲ့နေရာတွေမှာတော့ သူတို့တွေ အတက်နိုင်ဆုံးလိုက်လုပ်နေမှာ ပြည်သူလူထုရဲ့ ပါဝင်မှုကတော့ လုံးဝရှိမှာမဟုတ်ဘူး”

Most read this week

May 9, 2024
ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA...
May 8, 2024
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန် ( Dinga Yang) ဘက်ကို...
May 7, 2024
ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို...
May 7, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က...