ဥပဒေစိုးမိုးရေး ချိုးဖောက်မှု ဝန်ထမ်းများပတ်သက်နေဟု ကယားပြည်နယ်လွှတ်တော်ဥက္ကဌဝေဖန်

ဥပဒေစိုးမိုးရေး ချိုးဖောက်မှု ဝန်ထမ်းများပတ်သက်နေဟု ကယားပြည်နယ်လွှတ်တော်ဥက္ကဌဝေဖန်
by -
ကန္တရဝတီ
ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၌ ချိုးဖောက်ရာတွင် ဝန်းထမ်းများပါဝင်မှုများရှိနေသည်ဟု ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးက ဝေဖန်ပြောဆိုလိုက်သည်။

“သစ်ကသွားကြားထိုးသံမဟုတ်ဘဲနဲ့ တစ်ခြားပြည်နယ်ကို ရောက်နေတဲ့ကိစ္စတွေဟာ ဂိတ်တွေအဆင့်ဆင့်ရှိပြီးမှ ရောက်တဲ့ကိစ္စတွေဟာ ဌာနဆိုင်ရာတွေပါပါတယ်။ ကျနော်ဒီတရားဥပဒေစိုးမိုးရေးကို ပြောချင်တာကတော့ ကျနော့်မှာ သက်သေအထောက်အထားအခိုင်အလုံရှိပါတယ်။ ဒီကနေလုပ်ပေးမယ်ဆိုရင်တော့ ကျနော်တင်ပေးမယ်။ မလုပ်ပေးဘူးဆိုရင်တော့ ကျနော်က နိုင်ငံတော်အတိုင်ပင်ခံကို ကျနော်တင်တော့မယ် ”ဟု လွှတ်တော်ဥက္ကဌက ပြောကြားသည်။

စက်တင်ဘာလ (၂၈) ရက် Famous Hotel တွင် ပြုလုပ်သည့် ကယားပြည်နယ်တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြသည့်အခမ်းအနားတွင် ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။  

ထို့အပြင် လက်နက်ကိုင်များအနေနှင့်လည်း မိသားစုစားဝတ်နေရေးအတွက် သစ်ခဲများထုတ်ယူရာတွင် တစ်ခြားနိုင်ငံများတွင်သာ ကြီးပွားသွားမည်ဖြစ်သောကြောင့်  အစိုးရနှင့် တရားဝင်တိုင်ပင်လျှင်ပိုအဆင်ပြေနိုင်လိမ့်မည်ဟု ဥက္ကဌက ပြောသွားပါသည်။

“အခုလည်းပဲ ကျနော်သတင်းပေးပါမယ်။ စူပါကာစတန်တွေနဲ့ ခြောက်စီးခြောက်စီးထွက်နေပါတယ် တစ်ညကို အဲ့ဒါဖါးဆောင်းနားမျာ အခုရက်ပိုင်းပဲရှိပါသေးတယ်။ ဘောလခဲကတော့ ကျနော်တို့အစိုးရ စတက်ကတည်းက အခုထိမနားပါဘူး။ ကျနော်ပြောပြတာပါ။ ဒါလည်းပဲ လက်နက်ကိုင်အဖွဲ့အစည်းပေါ့။ ဒီမှာတော့ပါလားမသိဘူး။ ဒါညှိနှိုင်းဖို့လိုမယ်လို့ ကျနော်တို့ထင်ပါတယ်။ စားဝတ်နေရေးဆိုရင်လည်း အစိုးနဲ့ အခြားနည်းလမ်းနဲ့ ညှိနှိင်းစေချင်ပါတယ်။ ဒီလိုမျိုးပဲလုပ်နေမယ်ဆိုရင်ကြီးပွားသွားမှာက တစ်ခြားနိုင်ငံသားတွေပါ။ ကျနော်တို့က ဒုံရင်းဒုံရင်းပါပဲ ” ဟ ုသူကပြောပါသည်။

တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်တွင် လုပ်ငန်းများအဆင်ပြေချောမွေ့စွာနှင့် ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သလိုပေါင်းစပ်ညှိနှိုင်းပေးနိုင်ရန်ကယားပြည်နယ် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲကို  မေလ ၂၃ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါအဖွဲ့သည် တရားဥပဒေစိုးမိုးရေးအခြေခံအခွင့်အရေးများကို လေးစားလိုက်နာရန်နှင့် တရားစီရင်ရေးကဏ္ဍအပေါ် အများပြည်သူ၏ယုံကြည်ကိုးစားမှုရရှိရန် ပါဝင်ဆောင်ရွက်ခြင်း ၊ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများ၏ လုပ်ငန်းများတွင် ဥပဒေဆိုင်ရာအထောက်အကူပေးသည့်အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကိုပါဝင်ဆောင်ရွက်ရန်ဖိတ်ခေါ်ခြင်း စသည်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...