NUG စခန်းကို ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှားဖြန့်

NUG စခန်းကို ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှားဖြန့်

ကရင်ပြည်နယ် ဘုရားသုံးဆူမြိုနယ်မှာရှိတဲ့ ကြိမ်ချောင်းကျေးရွာက NUG/PDF တွေရဲ့ အခြေချစခန်းကို စစ် တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ခုကို ဇန်နဝါရီလ ၂၁ ရက်နေ့က Truth Media ဆိုတဲ့ တယ်လီဂရမ် ချယ်နယ် က တင်ထားပါတယ်။

လေယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက် ခံရတဲ့အတွက်  ပျက်စီးနေတဲ့ အဆောက်အဦး ဓာတ်ပုံတွေကို အသုံးပြုပြီး

“လေကြောင်းဗုံးကြဲတိုက်ခိုက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်။

Truth Media က “ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို၊ ကြိမ်ချောင်းကျေးရွာ၊ NUG&PDF များအခြေချစခန်း အား ဇန်နဝါရီ (၂၁) ရက် နံနက် ၂ နာရီခန့်တွင် တိုက်လေယာဉ် (၄) စီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြိုကျပျက်စီး မွကြေ သွား ကြောင်း သိရသည်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးသားထားတာပါ။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကရင်ပြည်နယ်၊ ဘုရားသုံး ဆူမြို့နယ်မှာရှိတဲ့ ကြိမ်ချောင်းကျေးရွာက လူနေအိမ် အဆောက်အဦတွေကို စစ်တပ်က လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်တာ မှန်ပေမယ့် အဲဒီအဆောက်အဦတွေဟာ NUG/PDF တွေရဲ့ အခြေချစခန်း မဟုတ်လို့ပဲ ဖြစ်ပါ တယ်။

လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာဟာ  ဗိုလ်မှူးကြီး စောအေဝမ် ဦးဆောင်တဲ့ DKBA အမှတ် ၂ စစ်နည်းဗျူ ဟာ ဌာနချုပ်နေရာသာ ဖြစ်တယ်ဆိုတာကို ဒေသခံတွေက ပြောဆိုထားကြသလို ယုံကြည်စိတ်ချရတဲ့ သတင်း ဌာန တော်တော်များများက သတင်းရေးသားထားကြပါတယ်။

ဗိုလ်မှူးကြီး စောအေဝမ် ဦးဆောင်တဲ့ DKBA အမှတ် ၂ စစ်နည်းဗျူဟာ ဌာနချုပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံ ရတဲ့ အကြောင်းကို ကရင်သတင်းဌာန KIC က ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3XXI9er ဝင်ဖတ် လို့ရသလို VOA သတင်းဌာနက ရေးသားထားတဲ့ သတင်းကိုလည်း ဒီမှာ https://bit.ly/4078IzC ဝင်ကြည့်လို့ ရပါ တယ်။ ဒါ့အပြင် သတင်းဌာနတော်တော်များများကလည်း သတင်းရေးသား ခဲ့ကြတာကို သက်ဆိုင်ရာ သတင်း ဌာန တွေရဲ့ လူမှုကွန်ရက်စာမျက်နှာနဲ့ Website တွေမှာ ဝင်ကြည့်လို့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်ကြည့်လိုက်တဲ့အခါမှာ Truth Media ဆိုတဲ့ တယ်လီဂရမ် ချယ်နယ် က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာဟာ NCA အပစ်ရပ်ထိုးထားပြီး စစ်တပ် နဲ့ သွားရောက် တွေ့ဆုံဆွေး နွေးနေတဲ့ DKBA အဖွဲ့ရဲ့ နေရာမဟုတ်ဘူး။ NUG/PDF တွေရဲ့ အခြေချစခန်းသာ ဖြစ်တယ်ဆိုပြီး ပြည်သူတွေ ကို လိမ်ညာဝါဒဖြန့်ဖို့ အတွက် လုပ်ကြံရေးသားထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။

ဒီသတင်းအမှားကို စစ်တပ်ထောက်ခံသူတွေနဲ့ သတင်းအမှားတွေဖြန့်ဝေနေတဲ့ တယ်လီဂရမ် ချယ်နယ်တွေနဲ့ Facebook စာမျက်နှာတွေကလည်း ထပ်ဆင့်ဖြန့်ဝေနေတာတွေလည်း ရှိနေပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက် ရှိရှိ ရေးတင်နေကြ ပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

August 16, 2026
- မြေပြင်တိုက်ပွဲတွေ ယာယီရပ်နေတဲ့ စစ်တွေနဲ့ ကျောက်ဖြူမှာ စစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့...
August 15, 2026
- တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုအားနည်းသွားတဲ့ မွန်ပြည်နယ် သထုံခရိုင်မှာ အာဏာသိမ်း...
August 14, 2026
- အာဏာသိမ်းစစ်တပ်ဟာ အခုနှစ်ကစတင်ပြီး ချင်း၊ ကချင်၊ စစ်ကိုင်းတို့မှာ double tap လို့ခေါ်တဲ့ “...
August 13, 2026
- ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ကလေးငယ်တွေ အရေပြားယားနာမှု ဆိုးဆိုးရွားရွား ဖြစ်ပွားနေပြီး...