လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ပထမဦးဆုံး H1N1 ရောဂါဖြစ်ပွားသော လူနာတစ်ဦစတင်တွေ့ရှိ

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ပထမဦးဆုံး H1N1 ရောဂါဖြစ်ပွားသော လူနာတစ်ဦစတင်တွေ့ရှိ
by -
ကန္တရဝတီ
ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Influenza A H1N1pdm2009 ရောဂါဖြင့် ၂ နှစ်သားအရွယ် လူနာတစ်ဦးတွေ့ရှိသည်ဟု လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ကန္တာရဝတီတိုင်း(မ်)သို့ အတည်ပြုပြောကြားသည်။

“ကျနော်တို့က သံသယရှိလို့ စစ်ပြီးပို့ကြည့်တော့ ဒီနေ့မှ အဖြေရတာပေါ့နော ”ဟု ဒေါက်တာရန်နိုင်မောင်က စက်တင်ဘာလ ရ ရက်နေ့ ည ၉ နာရီအချိန်က အတည်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

လူနာမှာ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု လွယ်ရင်းမင်္ဂလာရပ်ကွက်မှအဖ ဦးခင်မူ အမိ ဒေါ်မိန်တို့၏ သားဖြစ်သူမောင်ရဲလွင် (အသက် ၂နှစ်)ဖြစ်ကြောင်း သိရသည်။

လွိုင်ကော်ဆေးရုံ၌ ဆေးကုသမှုခံယူရာမှာ ၅ ရက်ရှိပြီဖြစ်၍ ရာသီတုပ်ကွေးသံသယဖြင့်စစ်ဆေးရာတွင် Influenza A positive တွေ့ရှိခဲ့ကာအဆိုပါ ဓာတ်ခွဲနမူနာ(နှာခေါင်းတို့ဖတ်)အား ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲခန်းတွင် ပေးပို့အတည်ပြုရာတွင်နောက်ဆုံးတွေ့ရှိချက်အရ Influenza A H1N1pdm2009positive ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် လူနာ၏အခြေအနေမှာ သက်သာနေပြီး ဆေးရုံအုပ်ကြီးကိုယ်တိုင် လူနာရှင်မိဘများနှင့်တွေ့ဆုံရှင်းလင်းဆွေးနွေးခဲ့သည့်အပြင် လိုအပ်သည့် ကုသမှုများလည်း ဆောင်ရွက်ပြီးဖြစ်ကြောင်း ဆေးရုံအုပ်ကြီးက ပြောပါသည်။

ယခုမှသာ ကယားပြည်နယ်၊ ပြည်သူ့ဆေးရုံ၌ အဆိုပါရောဂါလက္ခဏာကို ပထမဦးဆုံးစတင်တွေ့ရှိခဲ့ဖြစ်ကာ ကချင်ပြည်နယ်မှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...