ကယားပြည်နယ်၏ ဖြည့်စွက်ရန်ပုံငွေကို လွတ်တော်ကစိစစ်လျော့ချ

ကယားပြည်နယ်၏ ဖြည့်စွက်ရန်ပုံငွေကို လွတ်တော်ကစိစစ်လျော့ချ
by -
လင်းသန့်
ပြည်နယ်အဆင့်အဖွဲ့အစည်းများမှ တင်ပြတောင်းခံထားသော၂၀၁၇ -၁၈ ဖြည့်စွက်ရန်ပုံငွေ ၈၁၅၄ သန်းကျော်ထဲက ၉၇၉ သန်းကျော်လျော့ချရန် ကယားပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်သည်။

၂၀၁၇-၁၈ ဖြည့်စွက်ရန်ပုံငွေတောင်းခံရာမှာ ပြည်နယ် အစိုးရအဖွဲ့၏ အရသုံးစာရင်းမှာထည့်သွင်းရေးဆွဲထားသော ဌာန ၆ ခု ပြည်နယ် အဆင့်အဖွဲ့အစည်း ရ ဖွဲ့ စုစုပေါင်း ၁၃ ဖွဲ့က ခွင့်ပြုဖို့တောင်းခံခဲ့ခြင်းဖြစ်သည်။

ပြည်နယ်အဆင့် အဖွဲ့အစည်းတွေအနေနဲ့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနဲ့ မူလခွင့်ပြုငွေ မလုံလောက်တဲ့ အတွက် ကျပ် ၈၁၅၄.၃၇၃ သန်းကို သြဂုတ်လ ၂၉ ရက်က ကျင်းပသည့် လွှတ်တော်အစည်းအဝေးမှာ တောင်းဆိုခဲ့သည်။

“ကယားပြည်နယ်ရဲ့ ပြုပြင်ခန့်မှန်းခြေငွေစရင်းအရ လိုငွေကျပ်သန်းပေါင်း ၅၁၄၄၂.၀၇ သန်းကို ပြည်ထောင်စုဘဏ္ဍာငွေကနေပြီးတော့ မူလခန့်မှန်းခြေစရင်းမှာ ထောက်ပံ့ ငွေအားဖြစ် ထောက်ပံ့ပေးရန်သဘောတူပြီးဖြစ်ပါတယ်။ ဒါကြောင့်၂၀၁၇ ၁၀၁၈ ဘဏ္ဍာရေးနှစ်တွက် ဖြည့်စွက်ခွင့်ပြုငွေတောင်ခံတဲ့ သာမန်သုံးစရိတ် ကျပ် ၁.၄၀၃ သန်းနဲ့ ငွေလုံးငွေရင်းသုံးစရိတ်ကျပ် ၈၁၅၂.၇၉၀ သန်းကို စုစုပေါင်းကျပ် ၈၁၅၄.၃၇၃ သန်းကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနဲ့ အညီ စိစစ်ထားပြီးဖြစ်တဲ့ အတွက်ကြောင့် ဒီအဆိုကိုပြည်နယ်လွှတ်တော်မှာ အတည်ပြုပေးနိုင်ပါရန်တောင်းဆိုပါတယ်။”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က လွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့သည်။

အဆိုပါကိစ္စကို သြဂုတ်လ ၃၀ ရက်နေ့ ကျင်းပတဲ့ ကယားပြည်နယ် လွှတ်တော်မှာ ပြန်လည်ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်မရှိဘဲ လွှတ်တော်မှ အတည်ပြုလိုက်သည်။

ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးကော်မတီမှ ကယားပြည်နယ်၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်းကို ပြန်လည်စိစစ်ပြီး မလိုအပ်တဲ့ စီမံကိန်းတွေကို လျော့ချလိုက်ခြင်းလည်းဖြစ်သည်။

ကယားပြည်နယ်ရန်ပုံငွေ အစီအစဉ်တွင် ဗဟိုအဖွဲ့အစည်း ၅ ခု ဦးစီးဌာန ၁၆ ခု စည်ပင်သာယာရေးအဖွဲ့ စုစုပေါင်း အဖွဲ့အစည်း ၂၁ ခုတို့ ပါဝင်သည်။

“ကယားပြည်နယ်အတွက် ၂၀၁၇ ၂၀၁၈ ရဲ့ ဘဏ္ဍာရေးနှစ်သုံးငွေကတော့ ကျပ်သန်းပေါင်း ၅သောင်း ရ ထောင်ကျော် ရာထားအသုံးပြုခဲ့တာဖြစ်ပါတယ်။ ရငွေတွေအနေနဲ့ ပြည်ထောင်စုက ကျပ်သန်းပေါင်း ၅ သောင်း ၁ ထောင်ကျော် ထောက်ပံ့ပေးထားတာဖြစ်ပြီး ပြည်နယ်အစိုးရရဲ့ ရငွေကိုတော့ ကျပ်သန်း ပေါင်း ၆ ထောင်ကျော်သာရှိပါတယ်။ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးကော်မတီကနေ စိစစ်ပြီးနောက် အခုလိုငွေတွေကို လျော့ချလိုက်တာဟာ ဒေသအတွက် နစ်နာတယ်ဆိုပေမယ့် ပြည်ထောင်စုရဲ့ လိုငွေတွေကိုတော့ လျော့ချပေးနိုင်မှာဖြစ််ပါတယ်။” ဟု ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးကော်မတီဥက္ကဌ ဦးစိုးရယ်က လွှတ်တော်ကို အစီရင်ခံစာတင်ပြခဲ့ခြင်းဖြစ်သည်။

ပြည်နယ်အဆင့်ဌာနအဖွဲ့အစည်းများမှ ဖြည့်စွက်ခွင့်ပြုငွေ တောင်ခံသော စာရင်းတွင် ၂၀၁၇ ၂၀၁၈ ဘဏ္ဍရေးအတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းမှာ ကျပ် ၈၁၅၄.၀၀၅ သန်းနှင့် အသုံးစရိတ်လျော့နည်းခြင်းကြောင့် အသုံးပြုရသောပမာဏမှာ ငွေကျပ် ၀.၃၆၈ သန်းဖြစ်သည်။

ရငွေပိုမိုရရှိရရန် ပြည်ထောင်စုမှ ပြည်နယ် ဘဏ္ဍာငွေကို ခွဲဝေပေးသော အခွန်ဝေစုသည် ကျပ် ၄၀၆၃.၀၂၇ သန်းရှိပြီး ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအရ ကျပ် ၁၁၉၂၅.၄၅၈ သန်းဖြစ်ခြင်းကြောင့် ကျပ် ရ၈၆၁.၄၃၁ သန်း ပိုမိုရရှိလာခြင်းဖြစ်သည်။ပြည်နယ်အဆင့်အဖွဲ့အစည်းများမှ တင်ပြတောင်းခံထားထားသော၂၀၁၇ -၁၈ ဖြည့်စွက်ရန်ပုံငွေ ၈၁၅၄ သန်းကျော်ထဲက ၉၇၉ သန်းကျော်လျော့ချရန် ကယားပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်သည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...