တရားမဝင်သစ်ပိုင်ရှင်ကို အရေးယူပေးရန် ဖမ်းဆီးခံ ကျပန်းအလုပ်သမားများ၏ မိသားစုတောင်းဆို

တရားမဝင်သစ်ပိုင်ရှင်ကို အရေးယူပေးရန် ဖမ်းဆီးခံ ကျပန်းအလုပ်သမားများ၏ မိသားစုတောင်းဆို
by -
ကန္တရဝတီ
တရားမဝင်သစ်ပိုင်ရှင်အစစ်အမှန်ကို အာဏာပိုင်များက အရေးယူဆောင်ရွက်ရန် တုံ့ဆိုင်းနေကြောင်း သစ်ကားမှ သစ်အတင် အချပြုလုပ်ရန် ခေါ်ဆောင်လာရာမှ ဖမ်းဆီးခံလိုက်ရသော ကျပန်းအလုပ်သမားများ၏ မိသားစုဝင်များက ဝေဖန်နေကြသည်။

ယာဉ်အမှတ် (3B / 4220 ) ၁၂ ဘီးယာဉ်မှာ မေလ ၁၁ရက်နေ့ ညနေ ၃ နာရီတွင် ကယားပြည်နယ်ဘက်မှ ထွက်လာနေကြောင်း သတင်းရရှိပြီး သွားရောက်ဖမ်းဆီးရာ၌ ရှောင်တိမ်းသွားသော သစ်ပိုင်ရှင်များကို ဖမ်းဆီးရရှိခြင်းဘဲ သစ်ပိုင်ရှင်များမှ သစ်များ အတင်/အချပြုလုပ်ရန် လွိုင်ကော်မှ တဆင့်ခေါ်ဆောင်လာသော ကျပန်အလုပ်သမား ၃ ဦးကို အာဏာပိုင်များမှ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်ဟု အဆိုပါမိသားစုဝင်များက ပြောသည်။

ကယားပြည်နယ်မှ တရားမဝင်သယ်ဆောင်လာသည့် ပိတောက်အမျိုးအစား square သစ်တုံး(ဘာတုံး) ခန့်မှန်း ၁၅ တန်နှင့် ၁၇ တန်ကို တင်ဆောင်လာသော ကားနှင့်အတူ နန်းဖန်ပုအနီးတောအုပ်အတွင်းတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ကျပန်းအလုပ်သမား ၃ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားကာ ကျပန်းအလုပ်သမားမိသားစုများက အဆိုပါ တရားမဝင်သစ်ပိုင်ရှင်များကို စုံးစမ်းဖေါ်ထုတ်ကာ အပြစ်မရှိသော မိမိတို့၏ မိသားစုဝင် ကျပန်းအလုပ်သမား ၃ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် လိုလားနေကြသည်။

“ကျနော်ရဲ့ ညီလေး တွေမှာ အပြစ်မရှိဘူး။ သူတို့က ကျပန်းအလုပ်သမားအနေနဲ့ ခေါ်လို့ ပိုက်ဆံရမယ်ဆိုပြီး လိုက်သွားတာ။ ဟိုရောက်တော့ ကားနားတောင်မရောက်သေးဘူး။ လာဖမ်းတဲ့ သူတွေလာပါတယ်ဆိုပြီးမှ ကျနောတို့ကို ပြေးခိုင်တာ ရောရောင်ပြီး ပြေးလိုက်ရတယ်။ ကျနော်တို့ကတော့ လွှတ်တယ်။ နှစ်ယောက်ကမိပြီး ကျနော်တို့ကို လာကြိုတဲ့ ကောင်လေးတစ်ယောက်ပါ ထပ်မိတာပေါ့။ ကျနော်တို့ကို ခေါ်လာတဲ့ လူကိုတော့ သိနေရင်းတောင်မှ ချက်ခြင်းအရေးမယူပေးဘူး။” ဟု ဖမ်းဆီးရာတွင် ပါဝင်သွားခဲ့သော သူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

အဆိုပါ သစ်ကား အနီးဝန်းကျင်မှ သစ်ပိုင်ရှင်များမှ ခေါ်ဆောင်လာသော ပန်ကန်းစိုက်ကွင်း(၃)ရပ်ကွက်နေ ကျပန်းအလုပ်သမားများဖြစ်ကြသည့် ကိုကုလား(ခ)ကိုဌေးဝင်း ၄၀ နှစ်၊ နေလင်းအောင် ၁၉ နှစ် နှင့် လှမင်းထက် ၂၅ နှစ် တို့ကို အာဏာပိုင်များက ဖမ်းဆီးကာ ယနေ့အထိအောင် ထိန်းသိမ်းထားနေဆဲဖြစ်ကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...