မော်လမြိုင်ကမ်းနားလမ်းတွင် ဈေးသင်္ဘောတည်ဆောက်ရန် စီစဉ်

မော်လမြိုင်ကမ်းနားလမ်းတွင် ဈေးသင်္ဘောတည်ဆောက်ရန် စီစဉ်
by -
ဟင်္သာမီဒီယာ
မွန်ပြည်နယ် မော်လမြိုင် ကမ်းနားလမ်းတွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဈေးသင်္ဘော တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း မွန်ပြည်နယ်ဟိုတည်နှင့် ခရီးသွားလာရေး ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က ပြောသည်။

အဆိုပါ စီမံကိန်းကို ADB ဘဏ်၏ ထောက်ပံငွေဖြင့် တည်ဆောက်သွားမည်ဖြစ်တွင်း ပြည်တွင်းမှ ထွက်ရှိစသည့် ရိုးရာအစားအစာများ နှင့် ရိုးရာ လက်မှုပညာများကို ပြသပြီး ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန် ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် စီမံကိန်းမှာ အရှေ့အနောက် စီးပွားရေးလမ်းကြောင်းတစ်လျှောက်ရှိ နွမ်းပါးသူများနှင့် အမျိုးသမီးများအတွက် စီးပွားရေး လုပ်ဆောင်မှုစွမ်းရည် မြှင့်တင်ရေး စီမံကိန်း ဖြစ်ပြီး ယင်းစီမံကိန်းတွင် အမျိုးသမီး ရ၅ ရာခိုင်နှုန်းက အလုပ်အကိုင်များ ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဈေးသင်္ဘောကို မော်လမြိုင်မြို့ ကမ်းနားလမ်း ငွေမိုးဟိုတယ်နှင့် စရမ်းဟိုတယ် ကြားတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ပိုမို များပြားသည့်အတွက် ယင်းနေရာတွင် တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ထပ်လောင်းပြောသည်။

၎င်းစီမံကိန်းကို မွန်ပြည်နယ်ရှိ ကျိုက်ထို၊ မော်လမြိုင်၊ မုဒုံနှင့် ချောင်းဆုံ စသည့် လေးနေရာတွင် လုပ်ဆောင်ရန် ရည်ရွယ်ထားပြီး ကျိုက်ထိုမြို့နယ်တွင် ယိုစုံလုပ်ငန်းနှင့် မော်လမြိုင် မြို့နယ်တွင် ဈေးသင်္ဘောတည်ဆောက်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

မော်လမြိုင်မြို့၊ ကမ်းနားလမ်းတွင် ဈေးသင်္ဘော တည်ဆောက်ခြင်းလည်း ၂၀၁၈ ခုနှစ်တွင် အပြီးဆောက်လုပ်နိုင်ရန်အတွက် ရည်ရွယ်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

Most read this week