ဒုက္ခသည်များအတွက် နိုင်ငံသားဖြစ်မှုက အရေးကြီးနေဟုဆို

ဒုက္ခသည်များအတွက် နိုင်ငံသားဖြစ်မှုက အရေးကြီးနေဟုဆို
by -
ကန္တရဝတီ
ဒုက္ခသည်များ ပြန်လည်နေရာချထားရေးတွင် နိုင်ငံသားဖြစ်မှုသည် အရေးကြီးသော အချက်ဖြစ်ပြီး နိုင်ငံသားဖြစ်ရေး ဥပဒေအကြောင်းအရ ကောင်းမွန်သော်လည်း လက်တွေ့အကောင်အထည်ဖော်သည့်နေရာတွင် အားနည်းကြောင်း ကယား(ကရင်နီ) အရပ်ဖက်လူမှုအဖွဲ့အစည်းများက (သြဂုတ်လ ၁၁ရက်နေ့တွင်) သဘောထားထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် ၁၉၈၂ခုနှစ်တွင် ထုတ်လိုက်သည့် အက်ဥပဒေတွင် မိဘနှစ်ပါးသည် မြန်မာနိုင်ငံ တိုင်းရင်းသားဖြစ်လျှင် အလိုအလျောက် နိုင်ငံသား ဖြစ်သည်ဆိုသည့်အချက် ပါရှိနေသောကြောင့် စစ်ရှောင် (IDP)နှင့် ဒုက္ခသည်စခန်းရှိ ကလေးများသည် ပြည်တွင်းစစ်ကြောင့် တိုင်းတပါးသို့ ရောက်ရှိသွားသူများအပါအဝင် အကျံုးဝင်ကြောင်း သိရသည်။

ထို့ကြောင့် ၄င်းတို့ကို စိစစ်ချက် လုပ်စရာမလိုပဲ မြန်မာနိုင်ငံသား မိဘနှစ်ပါးက တိုင်းရင်းသား ဖြစ်သောကြောင့် လူတိုင်း ထောက်ခံပေးနိုင်ကြောင်း KnRRRWG ( Karenni Refugee Repatriation and Reconstruction Working Group)မှ ကိုဗညားက ပြောသည်။

“အဆင်သင့်ဖြစ်တယ်ဆိုတာက ၁၉၈၂ နိုင်ငံသားအက်ဥပဒေကို အခြေခံပြီး ပြောလိုက်တာပဲ။ ဒါပေမယ့် သူက ငါးဦးကော်မတီ မဖြစ်မနေ ဖြတ်ရမယ့်ဟာတွေ ရှိတယ်လေ။ နောက်ပြီးတော့မှ အချက်အလက်တွေ အများကြီးတောင်းရမှာ။ အမှန်ကတော့ ခုန ပြောသလို ကျနော်တို့ စဉ်းစားချက်ကတော့ ဖြစ်စဉ်အရ ကြည့်မယ်ဆိုရင် ဟုတ်တယ်။ သူပြောတာကတော့ ဟိုဖက်ခြမ်းကနေ ကိုယ့်ဆန္ဒအလျောက် ပြန်လာတဲ့သူတွေကို သူတို့က ဟိုဖက်ခြမ်းကနေ စိစစ်ပေးမယ်။ ပြီးတော့ သံရုံးကနေ နှစ်လတာအတွက် ထောက်ခံပြီး ယာယီ နိုင်ငံသားကဒ်တွေ ပေးလာမယ်။ အဲဒါကိုအခြေခံပြီးတော့မှ သူပြန်လာနေမယ့် မြို့နယ် လဝကကို အသိပေးပြီးတော့မှ ဒီဟာကို အခြေခံပြီးတော့မှ နိုင်ငံသားကို ဆက်လက်စိစစ်မယ့် ဖြစ်စဉ်တွေကို အခြေခံပြီးတော့မှ သူပြောတာ။ ဒါပေမယ့် တကယ့် လက်တွေ ကျနော်တို့ စိုးရိမ်တာက အဲလိုမျိုး လွယ်လွယ်ကူကူမဟုတ်ဘဲနဲ့ အခက်ခဲပြဿနာတွေ အများကြီး တက်နိုင်တယ်”ဟု ကိုဗညားက ပြောသည်။

၁၉၈၂ ခုနှစ် နိုင်ငံသားအက်ဥပဒေကို အခြေခံပြီး လုပ်ဆောင်မည်ဖြစ်ဖြစ်သော ကိစ္စရပ်အတွက် ၄င်းတို့ဖက်မှ မှားယွင်းနိုင်ခြင်းမရှိသော်လည်း လက်တွေ့တွင် အခက်အခဲရှိမည်ကို စိုးရိမ်ကြောင်း ကိုဗညားက ဆက်ပြောသည်။

ဒုက္ခသည်များအနေဖြင့် မိမိဆန္ဒအလျောက် ပြန်လာလိုပါက မိမိတို့ ဌာနနှင့်ပတ်သက်သော လုပ်ငန်းများကို ဆောင်ရွက်ပေးရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ လက်ထောက် ညွန်ကြားရေးမှူး ဦးဝင်းက ပြောသည်။

“လက်ရှိ ပြင်ဆင်ပြီးပါပြီး။ ဒါပေမယ့် ဝင်ရောက်တဲ့သူ မရှိသေးဘူးပေါ့နော်။ ကျနော်တို့ကတော့ နိုင်ငံသား စိစစ်ဖို့ အိမ်ထောင်စုစာရင်း ထုတ်ပေးဖို့ ဒါမျိုးတော့ ကျနော်တို့ ရုံးလုပ်ထုံးလုပ်နည်းအတိုင်း ကျနော်တို့ ဌာန ချမှတ်ထားတဲ့ မူဘောင်တွေအတိုင်း ဆောင်ရွက်ပေးဖို့ အဆင်သင့် ရှိနေပါပြီ”ဟု လက်ထောက် ညွန်ကြားရေးမှူး ဦးဝင်းက ပြောသည်။

သတ်မှတ်ထားသည့် လမ်းကြောင်းမှ ဝင်ရောက်ပါက ရသင့်ရထိုက်သင့်သည့် အိမ်ထောင်စု စာရင်း ထုတ်ပေးမည်ဖြစ်သောကြောင့် ဒုက္ခသည်များနေဖြင့် ဆန္ဒသဘောအလျောက် ပြန်လာမည်ဆိုရင် ပြန်လာရန် သင့်ပြီဖြစ်ကြောင်း ၄င်းက ပြောသည်။

“ကျနော်တို့ ဌာနအနေနဲ့ကတော့ ဒုက္ခသည် ပြန်လည်ဝင်ရောက်လာရင် ကျနော်တို့ နိုင်ငံသား စိစစ်မယ်။ ရသင့်ရထိုက်တဲ့ အိမ်ထောင်စာရင်း ထုတ်ပေးမယ်။ ရသင့်ရထိုက်တဲ့ နိုင်ငံသား စိစစ်ရေးကဒ်ပြား တစ်မျိုးမျိုးပေါ့ ကျနော်တို့က ထုတ်ပေးမယ်။ ဒါက သူတို့အတွက် အဓိက လိုအပ်ချက်ဖြစ်တဲ့အတွက် ကျနော်တို့ ဌာနအနေနဲ့ ဒါကို အဓိက ဦးစားပေး ဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဦးဝင်းက ဆက်ပြောသည်။

ဒုက္ခသည်နေရပ်ပြန်ရေးဆိုင်ရာ ကရင်နီ(ကယား)အရပ်ဖက် လူမှုအဖွဲ့အစည်းများ သဘောထားထုတ်ပြန်ကြေညာချက်အချက် ၈ ချက် အနက် အချက် ရ ချက်တွင် နိုင်ငံသား၏ အခွင့်အရေးဆိုင်ရာ အခန်းကဏ္ဍတွင်လည်း နိုင်ငံသားဖြစ်မှုသည် ဥပဒေအရ မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသော သူသည် အလိုအလျောက် နိုင်ငံသားဖြစ်ကြောင်း ထည့်သွင်းပြဌာန်းထားသော်လည်း နိုင်ငံတော်မှ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အားနည်းနေဆဲဖြစ်ကြောင်း KnRRRWG ( Karenni Refugee Repatriation and Reconstruction Working Group) နှစ်ပတ်လည်အစည်းအဝေးမှ သဘောထား ထုတ်ပြန်ထားသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...