စစ်တပ်နှင့် KNPP အကြား တင်းမာမှု ငြိမ်းချမ်းစွာဖြေရှင်းရန် အရပ်ဘက် အဖွဲ့အစည်းများတောင်းဆို

စစ်တပ်နှင့် KNPP အကြား တင်းမာမှု ငြိမ်းချမ်းစွာဖြေရှင်းရန် အရပ်ဘက် အဖွဲ့အစည်းများတောင်းဆို
by -
ကန္တာရဝတီတိုင်း(မ်)
ကယားပြည်နယ်၊ ဖရူဆိုမြို့၊ ကေးလျားကျေးရွာအုပ်စု၊ ဒေါတကလဲ့ကျေးရွာ တောင်ဖက်(၁)မိုင်အကွာရှိ ထျို့တဲ့ဆို တောင်ပေါ်တွင် KNPP တပ်မတော်မှ ယာယီနားနေတဲများ လာရောက်ဆောက်လုပ်နေစဉ် အတောအတွင်း စစ်တပ်နှင့် KNPP တို့အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ စစ်ရေးတင်းမာမှုများကြောင်း ဒေသနေပြည်သူများမှ စိုးရိမ်ပူပန်နေကြခြင်းဖြစ်ကာ အဆိုပါ နှစ်ဖက်ကြားအပြုအမှုများသည် လက်ရှိဖေါ်ဆောင်နေသော ငြိမ်းချမ်းရေးကို ထိခိုက်လာစေနိုင်ကြောင်း ကယားပြည်နယ်ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးကွန်ယက်နှင့် အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော်က သြဂုတ်လ ၂၄ ရက်စွဲပါ အစီခံစာဖြင့် ဝေဖန်ထောက်ပြလိုက်ခြင်း ဖြစ်သည်။ သြဂုတ်လ ၁၅ ရက်နေမှစ၍ KNPP တပ်မတော်မှ အဆိုပါ တဲများကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ စစ်တပ်မှ ကန့်ကွက်ခဲ့ကာ ယင်းကိစ္စနှင့် ပတ်သက်၍ KNPP နှင့် အစိုးရစစ်တပ်အကြား အပြန်အလှန် တင်းမာမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သြဂုတ်လ ၁၈ ရက်နေ့တွင် တဲများကို ဖြုတ်သိမ်းခဲ့သော်လည်း အလားတူတင်းမာမှုများ ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို ဒေသခံများမှ စိုးရိမ်နေကြပြီး အဆိုပါ နေရာများသို့ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့ကိုမှ လာရောက်အခြေချခြင်းများ မပြုလုပ်ရန်လည်း ဒေသခံများက လိုလားနေကြကြောင်း အစီရင်ခံစာက ဆိုထားသည်။ နောက်နောင် အလားတူဖြစ်ရပ်များ မဖြစ်ပွားစေရန်အတွက် အဆိုပါနေရာများ၌ တပ်စခန်းနှင့် တဲများ ဆောက်လုပ်ခြင်းမပြုရန်နှင့် ကျေးရွာစိုက်ခင်းများဖြစ်သာ ပြုလုပ်စေလိုကြောင်း အစီရင်ခံစာက တောင်းဆိုထားသည်။ ထို့အပြင် ကယားပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ရှေ့ရှု၍ အစိုးရနှင့် KNPP တို့အကြား သဘောတူချုပ်ဆိုထားသော အပစ်အခက်ရပ်စဲရေးစာချုပ်ကိုလည်း လေးစားလိုက်နာရန်နှင့် ညှိနှိုင်းအဖြေရှာခြင်းနည်းလမ်းကိုသာ အသုံးပြုဆောင်ရွက်ရန် အစီရင်ခံစာက အကြံုပြုထားသည်။
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...