ကယားပြည်နယ်တွင် မသန်စွမ်းအသင်းခွဲ ထူထောင်ရန်ရှိ

ကယားပြည်နယ်တွင် မသန်စွမ်းအသင်းခွဲ ထူထောင်ရန်ရှိ
by -
ကန္တရဝတီ
ကယားပြည်နယ်ရှိ မသန်စွမ်းညီအကိုများအတွက် လိုအပ်သောအထောက်အကူပစွည်းနှင့်မသန်စွမ်းသူများ အခွင့်အရေးတရားဝင်ရရှိရန်အတွက် မြန်မာနိုင်ငံကို််ယ်အင်္ဂါမသန်စွမ်းသူများအသင်း မှ ကယားပြည်နယ်တွင် အသင်းခွဲဖွဲ့ရန်ရှိသည်ဟု သိရသည်။

သြဂုတ်လ (၁၇) ရက်နေ့တွင် ရန်ကုန်ရှိအဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူများက ကယားပြည်နယ်ရှိ မသန်စွမ်းသူများနှင့် ပူးပေါင်းဆောင် ရွက်နိုင်ရန်အဖွဲ့အစည်းတစ်ချို့တို့ကိုအကြိုလာရောက်ဆွေးနွေးခဲ့ကြသည်ဟု မြန်မာနိုင်ငံကို််ယ် အင်္ဂါမသန်စွမ်းသူများအသင်း ဥက္ကဌ ဦးမြတ်ဦးက ပြောပါသည်။

“ကျနော်တို့က ကယားမှာရှိတဲ့ မသန်စွမ်းညီအကို မောင်နှမတွေအတွက် အကူအညီပေးဖို့အတွက် ဖွဲ့ဖို့လာတာ။ ဒီမှာလည်း မြေမြုပ်မိုင်ဒဏ်ခံစားရတဲ့သူတွေလည်း အများကြီးပဲတဲ့ ခုဏက ကျနော်ကြားတာ ” ဟုသူကပြောပါသည်။

မြန်မာနိုင်ငံတွင် မျက်မမြင်အသင်း၊ ကိုယ်အင်္ဂါအသင်း၊ နားမကြားသူများအသင်း၊ ညဏ်ရည်မမှီသည့်ကလေးများအသင်း ဟူ၍အသင်းလေးသင်းရှိပြီး၎င်းတို့အသင်းသည် ကိုယ်အင်္ဂါနှင့်ပတ်သက်ပြီး ဖွဲ့သည့်အသင်း ဖြစ်သည်ဟု သိရသည်။ မသန်စွမ်းသူများအသင်းဖွဲ့စည်းခြင်းအားဖြင့် နိုင်ငံတစ်ကာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး လိုအပ်သော အထောက်အကူပစွည်းတွေ ချိုင်းထောက်၊ ခြေတု၊ တွန်းလည်းဘီးစသည်များရရှိစေရန် လှူဒါန်းဆောင်ရွက်ပေးသည်ဟု ပြောပါသည်။ ထို့အပြင် မသန်စွမ်းများမျက်နှာမငယ်ရလေအောင် ကိုယ်ပိုင်အလုပ်အကိုင်ရရှိရေးကိုထူထောင်ပေးခြင်း၊ ကွန်ပျူတာသင်တန်း၊ အိပ်င်္ဂလိပ်စကားပြောသင်တန်းများကိုလည်း ဆောင်ရွက်ပေးနိုင်သည့်အပြင် ကျောင်းနေကလေးများအတွက် တစ််နိုင်တစ်ပိုင်ကျောင်းစရိတ်များလည်း ပံ့ပိုးပေးသွားမည်ဖြစ်သည်ဟု သိရသည်။

၎င်းတို့အဖွဲ့သည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး UNDP၊ Actionaid ၊ Unicef စသည်အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။ ကယားပြည်နယ်တွင် အဖွဲ့ခွဲကို အောက်တိုဘာတွင် စတင်ဖွဲ့စည်းမည်ဖြစ်ပြီး ပြည်နယ်အစိုးရ၏အကူအညီ ဒေသခံရှိစီးပွားရေးလုပ်ငန်းရှင်များ၏ အကူအညီများကိုလည်း တောင်ဆိုသွားမည်ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံကို််ယ်အင်္ဂါမသန်စွမ်းသူများအသင်း မြန်မာနိုင်ငံရှိတိုင်းနှင့်ပြည်နယ်အသီးသီးတွင် ရုံးခွဲပေါင်း (၂၉) ရုံးရှိသည်ဟု သိရသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ ( ၂ – က) အရ မြန်မာနို်င်ငံရှိ မသန်စွမ်းရာခိုင်နှုန်းမှာ ( ၄.၆) ရာခိုင်နှုန်းဖြစ်ပြီး ကယားပြည်နယ်ရှိ မသန်စွမ်းရာခိုင်နှုန်းမှာ ( ၅.၈) ရာခိုင်နှုန်းဟု ဖော်ပြထားပါသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...