ကဆုန် စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်ခွင့်ရ မလား

ကဆုန် စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်ခွင့်ရ မလား
by -
ကေအဲန်ဂျီ
နမ္မတီးမြို့တွင် လတ်တလော ထွက်ပြေးခိုလှုံနေသည့် ကဆုန်ကျေးရွာ စစ်ပြေးဒုက္ခသည်များ တိုက်ပွဲရပ်နေစဉ် မိမိတို့နေရပ်ပြန်ချင်ကြပြီ ဖြစ်သော်လည်း အစိုးရ၏ခွင့်ပြုချက်ရရန် မျှော်လင့်နေကြပါသည်။ စစ်ရှောင်များ မိမိနေရပ် အမြန်ဆုံးပြန်ခွင့်ရရန် ကချင်ပြည်နယ်အစိုးရကို ယနေ့(သြဂုတ် ၁၅) မှာပဲ စာတင်ရန်ပြင်ဆင်နေကြောင်း မြစ်ကြီးနားအခြေစိုက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ PCG မှ ဦး Lamai Gum Ja (လမိုင် ဂွမ်ဂျာ) က ပြောသည်။ သြဂုတ် ၁၁ ရက်နေ့ နံနက်ပိုင်း မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ ထိန်းချုပ်မှုအောက် ကဆုန်ရွာ ကို မြန်မာ စစ်ကြောင်း ပစ်မှတ်ထား ကာ လက်နက်ကြီး ပစ်ခတ် ဝင်ရောက် လာခြင်းကြောင့် ရွာသားများ နီးစပ်ရာ နမ္မတီးသို့ မိမိ ကိုယ်လွတ် ထွက်ပြေးလာခြင်း ဖြစ်သည်။ ယနေ့ အင်္ဂါနေ့အထိ နမ္မတီး၊ Lambraw Yang (လမ်းခွ) ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် နှင့် ရိုမန်ကတ်သလစ် အသင်းတော် ဘုရားကျောင်း ၂ ကျောင်းတွင် ခိုလှုံနေသည့် စစ်ရှောင် ၁၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။ ရွာသားများ က မိမိတို့ မိသားစု ပစ္စည်းများ၊ အိမ်မွေးတိရစ္ဆာန်များ အားလုံးကိုပစ်ထားပြီး ကိုယ်လွတ်ထွက်ပြေးရခြင်းကြောင့် နှင့် ယခု မိုးရာသီ လယ်လုပ်ချိန် ဖြစ်ခြင်းစသည့် အကြောင်းရင်းများကြောင့် နေရပ်အမြန်ပြန်လိုခြင်း ဖြစ်သည်ဟု ဦး Lamai Gum Ja က ပြောသည်။ သြဂုတ် ၁၀ နေ့က စပြီး တပ်မတော်နှင့် KIA တပ်ရင်း ၁၁ ကြား ကဆုန်ရွာ အနီး တိုက်ပွဲ စတင် ဖြစ်ပွားခဲ့သည်။ နောက်နေ့ ကဆုန်ရွာထဲ တိုက်ခိုက် ၀င်ရောက်လာသည့် တပ်မတော် စစ်ကြောင်းတွင် ခလရ ၂၉ နှင့် မိုးကောင်း စကခ ၃ အောက် ခမရ ၃၈၂ နှင့် ခမရ ၃၈၃ တို့ ပါဝင်ကြောင်း စုံစမ်း သိရှိရသည်။ တနင်္ဂနွေနေ့ နံနက်ပိုင်း တပ်မတော် ဘက် နောက်ဆုတ်သွားပြီး တိုက်ပွဲ ရပ်သွားခြင်းကြောင့် ရွာသားများ နေရပ် ပြန်ချင်ကြခြင်း ဖြစ်သည်။ သို့သော်လည်း မြန်မာစစ်တပ်က နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးအားဖြင့် KIA တပ်ရင်း ၁၁ ကို မြစ်ကြီးနား စစ်မျက်နှာဘက်မှလည်း တိုက်ခိုက်ရန်စစ်ရေး ပြင်ဆင်နေကြောင်း ဒေသခံစစ်ရေး လေ့လာသူများ ဆိုပါသည်။ ဓါးစာခံဆရာမနှင့် ရွာသား ၁၁ ဦးကို ပြန်လွှတ်ပေး သောကြာနေ့က အစိုးရတပ်များ ကဆုန်ရွာအတွင်း ဝင်ရောက်ပစ်ခတ်စဉ် ဓါးစာခံအဖြစ် ဖမ်းဆီးထားသည့် ဆရာမ We Tsai (ဝယ်စိုင်း) နှင့် ရွာသား ၁၁ ဦးကို တနင်္ဂနွေနေ့ ညနေပိုင်း ပြန်လွှတ် ပေးခဲ့သည်။ ၎င်းတို့နှင့်အတူ ရွာထဲ ပိတ်မိနေသော ရွာသား ၃၀၀ ကျော် ကိုလည်း PCG နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အထွေထွေအတွင်းရေးမှုး Rev. Dr. Hkalam Samson တို့ ဦးဆောင်ပြီး သွားရောက် ခေါ်ထုတ် နိုင်ခဲ့ပါသည်။ ယခုလို ရွာထဲ နောက်ဆုံးကျန်နေသည့် ရွာသားများ ခေါ်ယူနိုင်ရန်အတွက် PCG အဖွဲ့ က ကချင်jပည်နယ်အစိုးရဖွဲ့ ကို သြဂုတ် ၁၂၊ စနေနေ့က စာတင်ခဲ့ပြီး ယင်းနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှုးမှ ခွင့်ပြုချက် ပေးခဲ့ကြောင်း PCG က ပြောသည်။
April 4, 2026
ဖားကန့်မြို့နယ် မော်ဝမ်းကျေးရွာ စစ်ဗျူဟာကုန်းအနောက်ဘက်ခြမ်းရှိ အင်မားယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ...
April 3, 2026
တစ်လကျော်ခန့်အကြာ တိုက်ပွဲငြိမ်သက်နေတဲ့ ဖားကန့်ဒေသမှာ ဧပြီလ ၂ ရက်နေ့ကစတင်ပြီး...
April 2, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက အိန္ဒိယ–မြန်မာနယ်စပ်...
ကသာမြို့နယ်အတွင်းမြင်တွေ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များ Photo - Crd
April 1, 2026
စစ်ကိုင်းတိုင်းဒေသကြီးက တိုက်ပွဲဖြစ်နေတဲ့ ကသာမြို့မှာ စစ်တပ်က မြို့အလုံးစုံကို...